Thursday, October 16, 2014

လိင်အင်္ဂါထောင်မတ်နိုင်ရန် အကူအညီပေးသောဆေးက မွေးရာပါ ဗီဇချို့ယွင်းမှုပါလာသူများ၌ အမြင်အာရုံထိခိုက်မှု ဖြစ်ပွားစေနိုင်


Austrulia မှ လေ့လာသူများက လိင်အင်္ဂါမထောင်မတ်နိုင်သော ရောဂါရှိသူများတွင် လိင်အားတိုး ဆေးအနေဖြင့်သုံးသော Sitdenafil ဆိုသည့်ပါဝင်ပစ္စည်းမှာ အချို့သော သူများ၌ အမြင်အာရုံထိခိုက်မှုများ ဖြစ်စေနိုင်သည်ဟု သတိပေးထားခဲ့သည်။

ယင်းကဲ့သို့ အမြင်အာရုံထိခိုက် နိုင်သူများမှာ မွေးရာပါဗီဇချို့ယွင်းမှုတစ်ခု ပါဝင်လာသူများဖြစ်ပြီး၊ ယင်း ဗီဇချွတ်ယွင်းမှုမှာလည်း သာမန်အား ဖြင့် မည်သည့်လက္ခဏာမျှ ပြလေ့မရှိပေ။ ထို့ပြင် ဗီဇချွတ်ယွင်းမှုမှာ လူ ၅၀ လျင် ၁ ဦးနှုန်းပါဝင်နိုင်ကြောင်း သိရသည်။

ယင်းဗီဇချွတ်ယွင်းပါက Retinitis Pigmentosa ဟုခေါ် သည့် အဖြစ်များသော မျိုးရိုးဗီဇမျက်စိရောဂါ ဖြစ်ပွားလေ့ရှိသည်။ ယင်း Retinitis Pigmentosa ရောဂါတွင် PDE 6 ဟုခေါ်သည့် အင်ဇိုင်းထုတ်လုပ်ပေးသည့် ဗီဇမြုံသွားသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်သည်။

Sildenofil မှာ PDE 5 အင်ဇိုင်းအား ပိတ်၍ လိင်အင်္ဂါထောင်မတ်နိုင်ရန် အကူအညီပေးခြင်းဖြစ်သည်။ သို့ သော်လည်း ၎င်းင်းက PDE 6 အင်ဇိုင်းကိုပါပိတ်၍ Retinitis Pigmetosa ရောဂါကို ပိုဆိုးစေသည်။ လေ့လာမှုအား ကြွက်များတွင်ပြု လုပ်ခဲ့ရာ ပုံမှန်ကြွက်များတွင် Silde nafil ကြောင့် အမြင်အာရုံထိခိုက်မှု ဖြစ်လျင်လည်း ခဏသာဖြစ်ပြီး၊ ဗီဇ ပြောင်းလဲမှုဖြစ်နေသောကြွက်များတွင် အမြင်အာရုံထိခိုက်မှုမှာ ကာလ ကြာရှည်ဖြစ်ပွားတတ်သည်။ ထို့ပြင် ဗီဇပြောင်းလဲမှုဖြစ်နေသော ကြွက်များ၌ မျက်စိဆဲလ်များပျက်စီးမှုကိုပါဖြစ်စေကြောင်း တွေ့ရသည်။

အပိန်လေး
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts