Monday, October 13, 2014

သဘာဝမကျသော သကြားများကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်

သဘာဝ မကျသော သကြားများကို စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အရ သိရသည်။

လူတို့သည် ကြံပင်မှ ထုတ်လုပ်သည့် သကြားကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်သည်ဟု ဆိုကာ သဘာဝ အတိုင်း ထုတ်လုပ် ထားခြင်း မဟုတ်သည့် သကြားအတုများ စားသုံးမှု များလာ ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် စေကြောင်း သိရသည်။

အဆိုပါ သကြားအတု များတွင် ပါဝင်သည့် ပစ္စည်းများသည် ကယ်လိုရီ နည်းပါးသည် ဟုဆိုကာ ဆီးချိုသမား များအတွက် သင့်လျော်ကြောင်း ဆရာဝန်များ က ညွှန်ကြား ခဲ့သော်လည်း ယခု ဆန်းစစ် တွေ့ရှိချက် အရ ယင်း သဘာဝ မကျသည့် သကြား သို့မဟုတ် သကြားအတု များ စားသုံးခြင်း ကြောင့် ဆီးချိုရောဂါ ဖြစ်ပွား နိုင်ခြေမှာ ပိုမို များပြားလာနိုင် ကြောင်း အဆိုပါ လေ့လာချက် များတွင် ဖော်ပြ ထားသည်။

လေ့လာ ဆန်းစစ်သူ များသည် ဆီးချိုရောဂါ ဝေဒနာရှင် များအား အုပ်စုနှစ်စု ခွဲ၍ စမ်းသပ်ခဲ့ရာ ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုနှင့် ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြု နေသည့် အုပ်စုဟူ၍ ခွဲခြား လေ့လာ ခဲ့သည်။ ယင်းကဲ့သို့ လေ့လာရာတွင် ဆီးချိုရောဂါ ဖြစ်ပွားနေသည့် အုပ်စုအား အဆိုပါ သကြားအတုများ စားသုံးစေပြီး ဆီးချိုရောဂါ ဖြစ်ပွားရန် အစပြုနေသည့် အုပ်စုအား သွေးတွင်း သကြားဓာတ် မြင့်မားစေသည့် ဂလူးကို့စ် ကို ထိုးသွင်း ပေးခြင်းတို့ ပြုလုပ်ပေး ခဲ့ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရာတွင် သကြားအတု များကို စားသုံးစေသည့် ဆီးချိုရောဂါ ဝေဒနာရှင် များသည် သွေးတွင်း သကြားဓာတ် ပါဝင်မှု ပမာဏ ပိုမိုမြင့်မား နေသည်ကို တွေ့ရပြီး ဂလူးကို့စ် ထိုးသွင်း ပေးသည့် ဒုတိယအုပ်စု တွင် သွေးတွင်း သကြားဓာတ် ပါဝင်မှုမှာ သင့်တင့်သည့် အခြေအနေ တွင်သာ ရှိနေကြောင်း လေ့လာချက်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ဆီးချို ဝေဒနာရှင်များ အနေဖြင့် သဘာဝ မဟုတ်သည့် သကြားများကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ကြ ပါရန် အဆိုပါ လေ့လာချက်တွင် တိုက်တွန်း ထားကြောင်း သိရသည်။

ကျော်ကိုဆင့်
#Themyawadydaily
http://themyawadydaily.blogspot.com/2014/10/blog-post_69.html?spref=tw


No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts