Friday, November 7, 2014

Selfie ဓာတ်ပုံရိုက်ရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေတွေ သိထားသင့်တဲ့ ပြင်ဆင်ခြယ်သနည်းများ

ဓာတ်ပုံရိုက်ရတာ နှစ်ခြိုက်တဲ့ ပျိုမေတွေအတွက်၊ အထူးသဖြင့် selfie ဓာတ်ပုံရိုက်ရတာ နှစ်ခြိုက်တဲ့ ပျိုမေတွေအတွက် ဓာတ်ပုံမရိုက်ခင် အလှပြင်၊ မိတ်ကပ်လိမ်းတဲ့အခါ သတိထားသင့်တဲ့အချက်ကလေးတွေ ရှိပါတယ်။ ဘာရယ်မဟုတ် ရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်လိုက်တဲ့ ကိုယ့်ပုံဟာ အားလုံးရဲ့အမြင်မှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေစေဖို့ တစ်ချို့အချက်ကလေးတွေ သိထားဖို့ လိုပါတယ်။

မိတ်ကပ်မလိမ်းခင် အသားရေ ပိုမိုချောမွတ်စေမယ့် ခရင်မ် (သို့) moisturizer လိမ်းပါ။
ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာပေါ်က အစက်အပြောက်သာမက၊ အဖုသေးသေးလေးတွေပါ မြင်ရပါလိမ့်မယ်။ အထူးသဖြင့် မျက်နှာနားကပ်ပြီး selfie ရိုက်တဲ့အခါမှာပေါ့။ ဒီတော့ လွယ်လွယ်ကူကူ အောက်ခံဘာမှမလိမ်းပဲ မိတ်ကပ်တန်းလိမ်းပြီး ရိုက်လိုက်မယ်ဆိုရင် အသားရေက ကြမ်းသွားရုံမက မိတ်ကပ်သားလည်း ညီမှာမဟုတ်တဲ့အတွက် ဓာတ်ပုံထွက်လာတဲ့အခါ အကွက်တွေ ဖြစ်နေတာမျိုးတွေ ကြုံရနိုင်ပါတယ်။
မျက်လုံးတစ်ဝိုက်ဟာ ကာလာခြယ်သမှု လိုအပ်ပါတယ်။
selfie ရိုက်တော့မယ်ဆိုရင် သဘာဝအတိုင်းလှပနေတဲ့ မျက်လုံးလေးကိုပဲ မျက်ဝန်းနားတစ်လျှောက် အရောင်လေးတွေ တောက်ပနေအောင် ပြင်ဆင်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ချက်က မှေးတဲ့မျက်လုံးတွေအတွက်တော့ လိုင်နာ ခြယ်သမှုလေးတွေ အနည်းအကျဉ်းလုပ်ပေးဖို့ လိုပါတယ်။
Lipstick ဆိုးပြီးတဲ့အခါ နှုတ်ခမ်းသားကို ပိုမိုစိုစွတ်ချောမွတ်စေဖို့ Lip Balm နည်းနည်းဆိုးလိုက်ပါ။
ရိုးရိုး Lipstick ဆိုးထားတဲ့အခါ သင့်နှုတ်ခမ်းသားတွေက ခြောက်ခြောက်ကြီး ဖြစ်နေပါလိမ့်မယ်။ ဒီတော့ selfie ရိုက်တဲ့အခါမှာလည်း နှုတ်ခမ်းအရစ်သားတွေ ပေါ်တဲ့အထိကို နှုတ်ခမ်းကခြောက်ကပ်နေမှာပါ။ ဒီလိုမဖြစ်စေဖို့ နှုတ်ခမ်းသားလေး ရွှန်းစိုနေအောင် Lip Balm လေး ထပ်ဆိုးပေးဖို့ လိုပါတယ်။
အပေါ်မျက်တောင်မွှေးတွေချည်း mascara ဆိုးတာမျိုး မလုပ်ပါနဲ့။
selfie ရိုက်ချက်တွေမှာ ကြည့်ကောင်းနေစေဖို့ သင့်ရဲ့မျက်တောင်မွှေးလေးတွေကို mascara ဆိုးမယ်ဆိုရင်လည်း အောက်ဘက်ကိုပါ ဆိုးပေးဖို့လိုပါတယ်။ အပေါ်မျက်တောင်မွှေးကို နှစ်ထပ်ဆိုးတယ်ဆိုရင် အောက်ဘက်ကို မဖြစ်မနေ တစ်ထပ်ဆိုးပေးဖို့ လိုပါတယ်။
ပါးနီကို ပါးပါးလေး ဆိုးပေးဖို့ လိုပါတယ်။
တစ်ချို့အမျိုးသမီးတွေက ပါးနီဆိုးရတာ မကြိုက်ကြပါဘူး။ ဒါပေမယ့် ပါးနီးဆိုးထားတဲ့သူဟာ မဆိုးထားတဲ့သူထက် ပိုဆွဲဆောင်မှုရှိနေသလို ဓာတ်ပုံထဲမှာဆို ပိုသိသာပါတယ်။ ဒီတော့ ဓာတ်ပုံရိုက်မယ့်သူအတွက် မဆိုးမဖြစ်ဆိုးဖို့ လိုအပ်ပါတယ်။
Ref:womenshealthmag.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts