Friday, December 19, 2014

ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်



ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်
ဘော်ဒါတစ်ယောက် ဖုန်းဆက်ပြီးကို လာတောင်းလို့အားလုံးအတွက်တင်ပေးလိုက်ပါတယ်။
သတိမထားတာအမှန်ပါ၊ Viber အတွက်ဆိုရင် Android အတွက်ချည်းဗားရှင်းအသစ်တွေကို Official ကတက်လာတိုင်းတင်ပေးနေကြပါ။ ဒါပေမယ့် ကွန်ပျူတာအတွက်က သိပ်မတင်ဖြစ်
အရေးမကြီးလောက်ဘူး ဒိပြင်နည်းပညာဆိုက်တွေမှာလည်းအလွယ်တကူရနိုင်ကြမှာပါဆိုတဲ့ အတွေးကြောင့်ပါ။
အခုကျနော် ပြန်လည်မျှဝေချင်တာကတော့
Viber နဲ့ ကွန်ပျူတာက မြန်မာစာ မမှန်တဲ့ ပြသနာလေးပါကွန်ပျူတာမှာ Viber အသုံးပြုနေကြတာတော့
ကြာပါပြီ၊ ကွန်ပျူတာအတွက် စတင်အသုံးပြုတုန်းကတော့ မြန်မာလိုလည်း အဆင်ပြေတယ်။ တစ်ဖက်ကပို့လာတဲ့
စာတွေကိုလည်း အမှန်မြင်ရတယ်၊ စာပြန်ရေးတော့လည်း မှန်တယ်။
အခုက ဘာပြသနာတစ်ခုတက်လာလဲဆိုတော့နောက်ဆုံးထွက်လာတဲ့ ဗားရှင်းအသစ်တွေကို Update လုပ်မိလို့
ကွန်ပျူတာအတွက် Viber လေးအင်စတော့လုပ်ပြီးအသုံးပြုချင်လို့ ဗားရှင်းအသစ်ကို အင်စတော့လုပ်သုံးတော့
မြန်မာစာက ဖတ်ရတာလည်း မမှန်သလို စာရေးပြန်တော့လည်း
မမှန်ပါ။ အဓိကပြသနာက နောက်ဆုံးထွက်လာတဲ့ ဗားရှင်းအသစ်တွေအတွက်မြန်မာဖောင့်က သိပ်အဆင်မပြေတော့ ကွန်ပျူတာမှာ Viberကို
အင်စတော့လုပ်ရတာ အဆင်ပြေပေမယ့် အသုံးပြုရတာ ကသိကအောက်ဖြစ်စေပါတယ်။ မိမိကွန်ပျူတာမှာ မြန်မာစာလည်း အမှန်မြင်ချင်တယ်စာပြန်ရေးတော့လည်း အမှန်ဖြစ်ချင်တယ်ဆိုရင်တော့
အခုကျနော် တင်ပေးထားတဲ့ ဗားရှင်လေးကိုသာ ကွန်ပျူတာမှာ
အင်စတောလုပ်ပြီး မြန်မာဖောင့်ထည့်သုံးလိုက်ရင်
အရင်ကအတိုင်း ဖတ်လို့လည်းမှန်၊ ရေးလို့လည်း မှန်မှာဖြစ်ပါတယ်ခင်ဗျား။

Viber ကို ကွန်ပျူတာမှာ အင်စတောလုပ်နည်း
===============
အခုကျနော် Viber ကို နှစ်မျိုးနှစ်စား တင်ပေးသွားမှာပါ
ကွန်ပျူတာမှာ အင်စတော လုပ်စရာမလိုတဲ့ Viber Portable ရယ်
Set up Application ဖိုင်ရယ် ဖြစ်ပါတယ်။ 
 အင်စတော လုပ်စရာမလိုတဲ့ Viber Portable ကိုအောက်ကင့်တွေမှာ
ဒေါင်းယူလိုက်ပါ။

Viber For Pc (Portable ) 
Download Here

 ၁။ ဒေါင်းလော့ရလာမယ့် Zip ဖိုင်ကို Extra Here နဲ့ဖြေပါ။
၂။ Set up ဖိုင်ကို Send to Desktop လုပ်ပါ။
၃။ Desktop ပေါ်က ဆော့ဝဲလေးကို Right Click တစ်ချက်ထောက်ပြီး
Run as administer အနေဖြင့် အင်စတော့ လုပ်ပေးလိုက်ပါ
မိနစ်အနည်းငယ်ကြာလို့ ပရိုဂရမ်ပွင့်လာခဲ့ရင် Portable ဗားရှင်လေးကို
ကွန်ပျူတာမှာ အသုံးပြုနိုင်ပါပြီ။

 Viber For Pc (Set up Application)
 ==============
Download Here
၁။ Viber ကို အောက်ကလင့်မှာဒေါင်းယူပါ

၂။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကို Extra Here နဲ့ဖြေပါ။
Viber ကို အင်စတော့ မလုပ်ခင် ကွန်ပျူတာမှာ အင်တာနက်ရှိနေရပါမယ်။
Set up ဖိုက်ကို Run as administer ဖြင့် အင်စတော့ လုပ်ပါ။
၃။  မိမိ ဖုန်းက အင်တာနက်ကို ဖွင့်ထားပါ။
၎။ ဖုန်းမှာ Viber ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေးလိုက်ပါ။
မက်ဆက် Code ဖြည့်ရန် ဖုန်းကို စာပို့လာပါမယ်။ ကွန်ပျူတာမှာ 
ပို့လာတဲ့ မက်ဆက်ထဲက ဂဏန်းအက္ခရာတွေ ပါသမျှကို အကုန်ရိုက်ထည့်ပေးပါ။
(ဒီနေရာမှာ မိမိဖုန်းမှာ Viber ကိုခနခန ဖွင့်တာများနေရင် မက်ဆက် Code အနေနဲ့မပို့ပေးတော့ပဲ ဖုန်းဆက်ခေါ်ခိုင်းတာမျိုး၊ Official ဆိုက် ဖုန်းဆက်လာရင် သူတို့
ပြောပေးတဲ့ Code ကို မှတ်ထားပြီး ကွန်ပျူတာမှာထည့်ပါ)
လိုအပ်တဲ့ Code လေးကိုထည့်ပေးလိုက်ပြီးရင် မိနစ်အနည်းငယ်ကြာပြီး ပြန်တက်လာရင် ကွန်ပျူတာမှာ Viber အင်စတောလုပ်တာ
အောင်မြင်သွားပါပြီ။
ကွန်ပျူတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ဖို့ဆိုရင်တော့ arial zawgyi.ttf ဆိုတာကို အင်စတောလုပ်ပေးရမှာဖြစ်ပါတယ်၊
အောက်ကလင့်တွေ အရင်ဒေါင်းယူလိုက်ပါ။
Download Here
 arial zawgyi.ttf အင်စတောလုပ်နည်း
===============
၁။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Extra Here နဲ့ ဖြေပါ။
၂။ arial zawgyi.ttf ကို Copy လုပ်ပါ။ ပြီးတော့ Control Panel ထဲသွားပါ၊ 
 Fonts Foloder ထဲမှာ Paste ချလိုက်ပါ။ အောက်ကပုံလေးကိုကြည့်ပါ။
 ၃။ လိုအပ်မယ့် ဖောင့်ကိုထည့်ပြီးရင် ကွန်ပျူတာကို Restart ချလိုက်ပါ။
 ပြန်ပွင့်လာရင် မြန်မာစာကို ၊ကောင်းစွာ မြင်လည်းမြင်ရပြီ၊ စာရိုက်လို့လည်း လုံးဝမှန်သွားပါပြီ။
တစ်ခုရှိတာက PC Viber တွေက Contact တွေမှာတော့ မြန်မာလိုမပေါ်ဘူးနော်၊
ချက်ဘောက်မှာ ပဲရပါတယ်။ နောက် တခုကတော့ Viber ဗားရှင်းအသစ်
ဘယ်လောက်တက်တက် Update မလုပ်မိပါစေနှင့်။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts