Tuesday, July 4, 2017

ဇာတ်လမ်းတွဲနဲ့ရုပ်ရှင်တွေ ထပ်ရိုက်မယ့် အေးဝတ်ရည်သောင်း


ဓာတ်ပုံ−စိုင်းဇော်
 မြင့်မြတ်နှင့်ရိုက်ကူးမည့် ‘မင်္ဂလာရှိသောအရပ်’ ဇာတ်လမ်း တွဲတွင် စကားထစ်သည့် ကျောင်း ဆရာမတစ်ဦး    ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း အေးဝတ်ရည်သောင်းက ပြော သည်။
‘‘စကားထစ်တာလည်း လုပ် ချင်တယ်။ မပီတာလည်း လုပ်ရင် လုပ်မယ်ဆိုတော့ အဲဒီနှစ်ခုထဲက တစ်ခုဖြစ်မှာပါ။ အစ်မသူငယ် ချင်းတစ်ယောက်က စကားမပီ ဘူး။ ရကောက်နဲ့ ခနဲ့၊ ချစ်တယ် တို့ ရှစ်ဆယ်တို့ မပီဘူး။ သူက အစ်မနဲ့ အရမ်းရင်းနှီးတဲ့သူဆို တော့ စကားမပီတာဆိုရင် သူ့ရဲ့
ကာရိုက်တာလေး ယူသွားမယ်လို့ စိတ်ကူးထားပါတယ်။ ထစ်တာ လည်း သူငယ်ချင်းတစ်ယောက်ရှိ တယ်။ သူတို့ကို ကြည့်ပြီး ဘယ်လိုနေရာမှာ ထစ်တတ်လဲ၊ ဘယ်လို အချိန်ဆို ထစ်တတ်လဲ၊ စိတ်လှုပ် ရှားရင် ထစ်တာလား။ အဲဒီလို လေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်’’ ဟု မင်္ဂလာရှိသောအရပ် ဇာတ် လမ်းတွဲနှင့်ပတ်သက်၍ ၎င်းက ပြောသည်။
မင်္ဂလာရှိသောအရပ် ဇာတ် လမ်းတွဲကို ဇူလိုင် ၅ ရက်က စတင် ၍ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့များ တွင် ရိုက်ကူးမည်ဖြစ်ပြီး မြင့်မြတ်၊ စည်ဖြိုး၊ Kevin Kate၊ အေးဝတ် ရည်သောင်းနှင့် နွယ်ဒါလီထွန်း တို့က ပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။
‘‘မြန်မာဝတ်စုံလေးတွေပဲ ဝတ်ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မြန်မာဝတ်စုံကို အစ်မဝတ်နေကျ ပုံစံကနေ နည်းနည်းလေးပြောင်း ထားတယ်’’ဟု ယင်းဇာတ်လမ်းတွဲ နှင့်ပတ်သက်၍ ၎င်းက ပြောသည်။အဆိုပါ ဇာတ်လမ်းတွဲအ ပြင် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကမ်းလှမ်းထားသဖြင့် ဇာတ်လမ်း ဖတ်နေကြောင်း ၎င်းက ဆိုသည်။
‘‘လောလောဆယ်တော့ ကမ်းလှမ်းထားတာ နှစ်ခုရှိပါ တယ်။ အစ်မဇာတ်လမ်းဖတ်နေ တယ်။ ဖတ်ကြည့်လို့ အဆင်ပြေ တယ်။ သူတို့ဘက်နဲ့ ရက်ညှိလို့ အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာ ပါ။ ပထမတစ်ခုက နယ်မှာသွား ရိုက်မှာ အပျော်လေးပဲ။ ရွာမှာဖြစ် ပျက်တဲ့ အကြောင်းရိုက်မှာ။ နောက်တစ်ခုက စုံထောက်ပုံစံ ကားတစ်ခု ပြောထားတယ်’’ဟု အေးဝတ်ရည်သောင်းက ပြော သည်။  ထို့အပြင် တေးရေးလင်း ထက်က ၎င်းအတွက် သီချင်းတစ် ပုဒ်ရေးပေးပြီး ယင်းသီချင်းသီဆို ဖြစ်ပါက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် တင်ပေးဖြစ်မည်ဟု ၎င်းက ဆို သည်။
‘‘အခွေ ဘာညာထုတ်ဖို့ မ ဟုတ်ပါဘူး။ ဆိုမယ်ဆိုရင်လည်း ပေါက်စီဝေါမှာပဲ တင်မှာ။ ပေ့ခ်ျ တွေကနေ တင်မှာမဟုတ်ဘူး။ အ မှတ်တရပဲ တင်လိုက်မှာ။ သူနဲ့ တွေ့တော့ မအေးသောင်းအ တွက် ဒါလေးတော့ လိုက်မယ်ဆို လို့။ အမှန်အတိုင်းပြောရရင် သီ ချင်းက မဆိုရဲဘူး။ ကိုယ့်အသံက မကောင်းဘူးဆိုတော့ အသံနဲ့ထပ် မနှိပ်စက်ချင်လို့’’ဟု အေးဝတ် ရည်သောင်းက ပြောသည်။
အေးဝတ်ရည်သောင်းသည် ‘လွယ်လွယ်လေး’အမည်ဖြင့် တစ် ကိုယ်တော်စီးရီး ထွက်ရှိထား သည်။
Credit - 7Days

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts