Friday, January 19, 2018

ရင်သားတင်းစေသည့် ယောဂကျင့်စဉ်များ



Warrior Pose
-ခြေကိုချဲထားပြီး ခြေတစ်ချောင်းနှင့် တစ်ချောင်း မျဉ်းပြိုင်ပုံထားပါ။
- ဘယ်ခြေကို (၉၀.) ကွေးထား၍ ညာခြေကို အတွင်းဖက်၌ ထားပါ။
- ဘယ်ဒူးကွေးလိုက်သည်နှင့် အသက်ရှူသွင်းပါ။
- ညာခြေကိုဆန့်ပြီး လက်မောင်း (၂) ဖက်ကို ဆန့်တန်းထားပါ။
- ဦးခေါင်းကို ဘယ်သို့လှည့်၍ လက်ကောက်ဝတ်ကို ကြည့်ပါ။
- (၇) ကြိမ်မှ (၁၀) ကြိမ် ပြုလုပ်ပါ။ ဘက်ပြောင်းပါ။

Triangle Pose
- ခြေ (၂) ဖက်ကို ချဲထားပါ။ ဘယ်ခြေကို (၉၀)ဒီဂရီ၊ ညာခြေကို (၁၅) ဒီဂရီ ချဲထားပါ။
- ဘယ်ဖက်ခြေချင်းဝတ်ကို ဘယ် လက်ချောင်းဖြင့် ထိပါ။ ညာလက်ကို အပေါ်သို့ ဖြောင့်မတ်စွာ ထောင်ထား ပါ။ လက်မောင်းများသည်လည်း ဖြောင့်နေရမည်။
- ဒူးနှင့် ကျောရိုးကိုလည်း မတ်မတ် ထားပါ။ မျက်နှာကို အပေါ်သို့မော့၍ လက်ချောင်းများကိုကြည့်နေပါ။
- ပြီးလျှင် အခြားတစ်ဖက်သို့ ဘက် ပြောင်း၍ ပြုလုပ်ပါ။

Cobra Pose
- မှောက်လျက်အနေအထားတွင် အသက်ပြင်းပြင်းရှူသွင်းပါ။ ကိုယ် အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းမçတင် ပါ။ ကိုယ်အောက်ပိုင်းက ကြမ်းနှင့် ထိနေမည်။
- လက်မောင်များနှင့် ခြေများက ခန္ဓာကိုယ်ကို ထိန်းထားချိန်တွင် ဦးခေါင်းက အပေါ်ကိုကြည့်ပါ။
- ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပြီး မူလအနေအထားတွင်ပြန်နေပါ။
- ဤလေ့ကျင့်စဉ်ကို အကြိမ်ရေ ကြိုးစားပြီးတိုး၍ပြုလုပ်ပါ။
Bow Pose
- မှောက်လျက်အနေအထားတွင် အသက်ရှူသွင်းပါ။ ဒူးကို အပေါ်ဖက် သို့ ကွေးတင်ပါ။ မိမိဦးခေါင်း အနောက်ဘက်ကို ကွေးတင်ပါ။
- ခြေချင်းဝတ်များကို လက်နှင့် ကိုင် ၍ အသက်ရှူသွင်းပါ။ ခြေနှင့် လက်မောင်းများကို ဤအနေအထား ၌ အပေါ်ဖက်သို့ မိမိတတ်နိုင်သ လောက် ဆွဲတင်ပါ။
- မိမိ၏ တင်နှင့် ရင်ကို ကြမ်းပြင် မှနေ၍ အပေါ်ဖက်သို့ မçတင်ပါ။ ထိုအချိန်တွင် balance က ၀မ်းဗိုက် ပေါ်တွင် ရှိနေရမည်။
- (၃၀) စက္ကန့်ထား၍ ဖြည်းဖြည်း ချင်းလျော့ပါ။

TKD
Health Updates Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts