Tuesday, February 27, 2018

ပုပ္ပားတောင်မကြီးတွင် ကေဘယ်ကားတပ်ဆင်ရန် တောင်ကိုရီးယားကုမ္ပဏီ Sky Asia အကြိုလေ့လာဆန်းစစ်မည်




ကျိုက်ထီးရိုးတွင် ကေဘယ်ကား တပ်ဆင်ခဲ့သည့် တောင်ကိုရီးယားအခြေစိုက် Sky Asia ကုမ္ပဏီကပုပ္ပားတောင်မကြီး တွင် ကေဘယ်ကား တပ်ဆင်လို ကြောင်း ကမ်းလှမ်း၍ အကြိုလေ့ လာဆန်းစစ်မှုများ ပြုလုပ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရ သို့တင်ပြရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အ တွင်းရေးမှူး ဦးသန်းထွန်းကပြော သည်။


‘‘ပုပ္ပားတောင်မကြီးမှာ ကေ ဘယ်ကားတပ်ဖို့ မကြာခင်ရက် ပိုင်းမှာပဲ သွားပြီးလေ့လာတော့ မယ်။ သေချာကွင်းဆင်းပြီး လေ့ လာမှုတွေ ဆောင်ရွက်ပြီးတော့ စီမံကိန်းအကောင်အထည် ဖော်ဖို့ အခြေအနေကောင်းတယ်ဆိုရင် ၀န်ကြီးချုပ်ကို တင်ပြရမှာဖြစ်ပါ တယ်’’ ဟု ဦးသန်းထွန်းကပြော သည်။
ပုပ္ပား တောင်ကလပ်တွင် ကေဘယ် ကားတပ်ဆင်ခွင့်အ တွက်အိန္ဒိယအခြေစိုက် DAMO-DAR ROPEWAYS & INFIRA ကုမ္ပဏီကလည်း ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို ဇန်န၀ါရီ ၂၈ ရက်က  ဒေသခံများနှင့်တွေ့ဆုံရှင်းလင်းခဲ့သည်။
တောင်ကိုရီးယား အခြေ စိုက် Sky Asia သည် ကျိုက်ထီး ရိုးစေတီတွင် ကေဘယ်ကားတပ် ဆင်ပြေးဆွဲနေသည့် ကုမ္ပဏီဖြစ် သည်။
ယခုအခါ ၎င်းတို့၏ ဒုတိယ မြောက် ကေဘယ်ကားစီမံကိန်း အဖြစ် ပုပ္ပားတောင်မကြီးတွင်ပါ တပ်ဆင်ပြေးဆွဲရန် စီစဉ်နေ သည်။
‘‘တောင်မကြီးက ပေငါး ထောင်ကျော်လောက် မြင့်တယ်။ ရှုခင်းကလည်း အရမ်းလှတဲ့အ တွက် ကေဘယ်ကားတပ်မယ်ဆို ရင် နေရာအကျယ်အ၀န်းလည်း အလုံလောက်ရှိတဲ့အတွက် အ ဆင်ပြေနိုင်ပါတယ်။ ကျွန်တော် တို့အသင်းကတော့ အကြံပေးတာ ပဲလုပ်သွားမှာပါ။ လုပ်ငန်းဆောင် ရွက်မှုကိုတော့ ကုမ္ပဏီကနေ တိုင်းအစိုးရကို တင်ပြပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။
လက်ရှိတွင် Sky Asia နှင့် DAMODAR ROPEWAYS & INFRA ကုမ္ပဏီတို့က ပုပ္ပားတောင်မကြီးနှင့် ပုပ္ပားတောင်က လပ်တွင် ကေဘယ်ကားတပ်ဆင် ရန်လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး ကေဘယ်ကားဆင်ရန် တိုင်းအစိုးရထံမှ ခွင့်ပြုချက်ရရှိ နိုင်ရန်နှင့် ဒေသခံများ၏သဘော တူညီမှုရရှိရန် လိုအပ်နေသေး သည်။
Credit-7DaysDaily

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts