Wednesday, May 21, 2014

သြဇာသီး၏ ကောင်းကျိုးများ


သြဇာသီး၏ ကောင်းကျိုးများကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ သြဇာသီးဟာ အရသာရှိ သလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။
(၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ်
ဩဇာသီးဟာ အစာမကြေတာ၊ ရင် ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
(၂) ဝမ်းပျက်ဝမ်းလျှော တာနဲ့ ဝမ်းကိုက်တာကို သက်သာစေနိုင် ပါတယ်

ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင် တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာစေပါတယ်။
(၃) အင်တီအောက်ဆီးဒင့် အစါမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာ ကြောင့် အငတ်ေီ အာကဆီဒင့် ဂုဏ်သတ္တိ ရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်ပါတယ်။
(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ ဗီတာမင်အေ ပါဝင် တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာစေပါတယ်။
(၅) နှလုံးကျန်းမာစေပါတယ်
ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ ပါဝင်မှု များတာကြောင့် နှလုံး ရောဂါမဖြစ်အောင် အကာအကွယ်ပေး ပါတယ်။ ကြွက်သားအားနည်းမှုကို သက် သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။
(၆) အဆစ်ကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေ ဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေ ထဲက အက်စစ် ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ်ရောင်နာ တဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။
(၇) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
 ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၈) ပိုးသတ်အာနိသင်ရှိပါတယ်
ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။
(၉) သရေစာ အဖြစ် စားနိုင်ပါတယ်
ဩဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအ နေနဲ့ စားသင့်ပါတယ်။
(၁၀) သွေးအားနည်းရောဂါကို သက်သာစေနိုင်ပါတယ်
ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။  
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts