Wednesday, May 21, 2014

Window 8.1 ပေါ်က ဆန်းသစ်လာတဲ့ Cortana


cortana  - CopySiri တို့၊ Google Now တို့လို မှတ်ဥာဏ်ရှိတဲ့ လူသား အကူ နည်းပညာတစ်ခုဖြစ်ပါတယ်။ Knowledge တွေကို လမ့း်ညွှန်ပေးနိင်ပြီး Windows 8.1 ပေါ်က နောက်ပိုင်း ရရှိသုံးစွဲလာနိင်တဲ့ နည်းပညာပါ။ နောက်ပိုင်းမှာ Windows 8.x နဲ့
X box ဂိမ်းတွေဆီမှာလည်း ထပ်ပေါင်းထည့် အသုံးပြုဖို့ မျှော်လင့်နေတဲ့
နည်းပညာဖြစ်ပါတယ်။ ထိုကဲ့သို့ Android ဖုန်းမှာ ပါရှိတဲ့ Google Now , iOS မှာပါတဲ့ Siri တို့လို့ ယခု Windows ဖုန်းတွေမှာ လည်း ယခုလို လူသားအကူ နည်ပညာတွေပါဝင်တာဟာ သိပ်ကိုကောင်းမွန်တဲ့ တိုးတက်ပြိုင်ဆိုင်မူတစ်ခုပဲဖြစ်ပါတယ်။

Cortana ဆိုတဲ့နာမည်ဟာ မိုက်ခရိုလ်ဆော့ (စတူဒီယို ) ကုမ္ပဏီက ထုတ်တဲ့ Halo ဗီဒီယိုဂိမ်းစီးရီးထဲက သိပ္ပံစိတ်ကူးယဉ် female ဇာတ်ကောင်တစ်ကောင် ရဲ့နာမည်ဖြစ်ပါတယ်။ စစထွက်လာတဲ့ Hand-On ဗီဒီယိုများအရ Windows ဖုန်းအသုံးပြုသူများဟာ ဖုန်းရဲ့ ထိပ်ဆုံးမှာ Cortana ဆိုတဲ့ လူသားအကူ နည်းပညာကို ၀င်ေ၇ာက်သုံးစွဲနိင်ပြီး သုံးစွဲဖို့အတွက် ပြည့်စုံကောင်းမွန်တဲ့ အင်တာနက်တော့လိုပါလိမ့်မယ်။ Siri တို့ကဲ့သို့ပဲ Speak icon ကို နှိပ်ပြီး ပြောရမှာ ဖြစ်ပြီး နောက်ဆုံးရ ရာသီဥတု၊ တည်နေရာလမ်းညွှန်မူ၊ ဖုန်းခေါ်ဆိုရန် ကြိုတင် သတိပေးထားမူ၊ တွေကို ထောက်ပံမူတွေအနေနဲ့ ပြောကြမေးမြန်နိင်မှာ ဖြစ်ပြီး ဖြေကြားပေးသူဟာ အဆိုပါ Halo ဇာတ်လမ်း ဗီဒီယို ဂိမ်းထဲမှ စက်ရုပ်မ က ဖြေကြားပေးမှာ ဖြစ်ပါတယ်။
သူမကို နောက်ခြင်း၊ စခြင်းတို့ကိုဘာ ပြုလုပ်နိင်ကာ " မင်းရဲ့ အဖေ ဘယ်သူလည်းလို့ မေးသောအခါ " " ဘီဂိတ် ဖြစ်တယ်လို့ " ပြန်ဖြေမှာ ဖြစ်ပြီး သူငယ်ချင်းနဲ့ မိမိခေါ်ဆိုလိုသော သူများကို ညနေတွင်ခေါ်ဆိုရန် Remind ပေးစေသောအခါ " ဘယ်နှစ်နာရီမှာ ပေးပေးရပါမလဲ" ။ ဟု Cortana ကပြန်ဖြေပြီး " ဘယ်နှစ်ကြိမ် ဖုန်းခေါ်ပေးရပါမလဲ " လို့ စတဲ့ မေးခွန်းများကို တစ်ဆက်တည်း ပြောကြားမေးမြန်းနိင်မှာ ဖြစ်ပါတယ်။
Siri နဲ့ ခေါ်ဆိုမူချင် ယှဉ်ကြည့်စေသောအခါ Siri က အသံတိုးပြီး လူသားပိုဆန်တဲ့ အသံနဲ့ဖြေကြားပေးတာကိုတွေ့ခဲ့ရပြီး Cortana ကတော့ ပိုမိုကျယ်လောင်ပြီး သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲက ဇာတ်ကောင်ကို ဖန်တီး ထားတဲ့အတွက် " မင်းရဲ့ ဖန်တီးသူဟာ ဘယ်သူလဲလို့ မေးသောအခါ " " catherine halsey " (သိပ္ပံ အက်ရှင်စိတ်ကူးယဉ် ဇာတ်လမ်းထဲမှ Cortana ကို ဦးနှောက်( ကလုံး ) ကော်ပီ ကူးပြီးပေးခဲ့သူ ) လိုဖြေမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Windows ဖုန်းတွေအတွက် နောက်ထပ်တီထွင်ဖန်တီးမူကနေ အသစ်ထွက်လာတဲ့ Cortana အတွက် ဂုဏ်ယူမိပါတယ်။
By Aung Hein Oo 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts