Sunday, May 18, 2014

မျက်ဝန်းတစ်ဝိုက် အရေပြား ကျန်းမာစေရန်


မျက်ဝန်းတစ်ဝိုက် အရေပြား ကျန်းမာစေရန်၁။ နေရောင်ခြည်ဒဏ် ကင်းဝေးပါစေ
မျက်လုံး တစ်ဝိုက်နေရာမှာ နေရောင်ခြည် ထိတွေ့မှု ကင်းစေဖို့ နေပူထဲ ထွက်ချိန်မှာ နေကာ မျက်မှန်ကို ပုံမှန်တပ် ဆင်သင့် ပါတယ်။ အထူးသဖြင့် ကမ်းခြေ လိုနေရာမျိုးနဲ့ ဈေးဝယ် ထွက်ချိန်မျိုးမှာပါ။ ၂။ သင့်အရေပြား ပုံစံကို နားလည်ပါ
ဒါဟာ အရေးကြီးတဲ့ အချက်ပါ။ သင့်အရေပြားဟာ အဆီပြန်တဲ့ အရေ ပြားပိုင်ရှင် မျိုးဆိုရင် အရေပြားကို တစ် ပတ်မှာ နှစ်ကြိမ်လောက် တိုနာနဲ့ ဂွမ်း ဖတ်ကိုသုံးပြီး သန့်စင်ပေး သင့်ပါတယ်။ အိပ်ရာမဝင်ခင် အချိန်မျိုးမှာ ပုံမှန်မျက်နှာ သန့်စင်ပေးပါ။
သင့်အရေပြားက ပုံမှန်နဲ့ ခြောက်သွေ့သူဆိုရင်တော့ တစ်နေ့နှစ် ကြိမ်လောက် ရေဓာတ်ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးပါ။
၃။ အိုင်းခရင်မ်လမ်းပါ
ကော်လာဂျင် ပါဝင်တဲ့ မျက်လုံးတစ် ဝိုက်အလိမ်းရတဲ့ ခရင်မ်တစ်မျိုးကို မျက် နှာသန့်စင်ပြီးတိုင်း ပုံမှန်လိမ်း ပေးပါ။ မျက်လုံးတစ်ဝိုက် အရေပြား တွန့်တာနဲ့ အ ရေးကြောင်းတွေကို ကာကွယ်နိုင်ပါ တယ်။
၎။ ဗီတာမင်အချို့မှီဝဲပါ
ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝ တဲ့အစားအစာတွေကို ဖြည့်စွက်စားသုံး ပေးပါ။ ဖော်ပြပါ ဗီတာမင် နှစ်မျိုးက သင့် မျက်လုံးတစ်ဝိုက် အရေပြားကို အကောင်း ဆုံးအထောက် အကူပြုပါတယ်။ နေ ရောင်ခြည်ဒဏ်ကြောင့် အရေပြားတစ် သျှူးတွေ ပျက်စီးမှု ကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။
၅။ မျက်လုံးကို အတင်းမပွတ်ပါနှင့်
မျက်လုံး တစ်ဝိုက်ကို လက်နဲ့အတင်း ပွတ်တာမျိုး ဖြစ်စေ၊ တဘက်နဲ့ ပွတ်တိုက် တာမျိုးဖြစ်စေ မပြုလုပ်ပါနဲ့။ မျက်လုံးတစ် ဝိုက်က တစ်သျှူးတွေကို ပျက်စီးစေပြီး သွေးလည်ပတ်မှု လျော့နည်း စေကာ မျက် ဝန်းတစ်ဝိုက်ညိုမည်း နေစေလို့ပါ။
၆။ ရေခဏခဏ မဆေးပါနှင့်
မျက်လုံးကို ရေအပြည့်ထည့်ထား တဲ့ခွက်ထဲမှာ ဖွင့်လိုက် ပိတ်လိုက်ပြုလုပ် တာက မနက်မိုးလင်းလို့ မျက်နှာသန့်စင် ချိန်တစ်ချိန်မှာသာ ပြုလုပ်ပေးသင့်ပါ တယ်။ အချိန်တိုင်း မျက်လုံးကို ရေထဲမှာ ပိတ်လိုက်ဖွင့်လိုက် မပြုလုပ်ပါနဲ့။ မျက်လုံး တစ်ဝိုက်အရေပြား ခြောက်စေနိုင် ပါတယ်။
၇။ ဆရာဝန် ညွှန်ကြားသော မျက်စဉ်းဆေးရည်ကိုသာ အသုံးပြုပါ
နေ့စဉ် မျက်ကပ်မှန်ကို အသုံးပြုနေ ရသူတွေ အနေနဲ့ မျက်ကပ်မှန် ဆေးရည် ကို ပုံမှန်သန့်စင်ပြီး အသစ်ပြန်စိမ်ပေး သင့်ပါတယ်။ ဆရာဝန်က ညွှန်ကြားထား တဲ့ မျက်စဉ်းဆေးက လွဲရင် အသုံးမပြုဖို့ အထူးသတိထား ဆင်ခြင်ပါ။
၈။ ဓာတုပစ္စည်း ပါဝင်သော မျက်နှာသန့်စင် ပစ္စည်းများကို ရှောင်ပါ
ဓာတုပစ္စည်းတွေပါဝင်တဲ့ မိတ်ကပ် သန့်စင်ပစ္စည်းတွေကိုအကြောင်းကြောင်း ကြောင့် အသုံးပြုရတယ်ဆိုရင်တောင် သင့်မျက်လုံးတစ်ဝိုက်က အရေပြားကို မ ထိမိစေဖို့ ဂရုစိုက် အသုံးပြုပေးပါ။ မျက် လုံးတစ်ဝိုက်ကအရေပြားက မျက်နှာပေါ် က တခြားအရေပြားတွေ ထက်ပိုပြီး နူးညံ့ ကာ ပိုမိုပျက်စီး လွယ်တတ် တာကြောင့်ပါ။
၉။ ရေများများသောက်ပါ
တစ်နေ့တာအတွက်လိုအပ်တဲ့ ရေ ဓာတ်မလုံလောက်ဘူး ဆိုရင်လည်း အရေ ပြားခြောက်သွေ့ကာ အစက်အပြောက် တွေ ဖြစေ် စနငို တ်ာကြောင့် ရေသောကပ်ါ။
၁၀။ သင့်မျက်လုံးကို ကြင်နာပါ
သင်ဟာ နေ့စဉ် ကွန်ပျူတာ အသုံး ပြုနေရသူ၊ မျက်လုံးကို အားစိုက်အသုံးပြု နေရသူဆိုရင် သင့်မျက်လုံးကို အနားပေး ဖို့လိုပါတယ်။ ကွန်ပျူတာကြည့်ပြီးလို့ တစ်နာရီလောက်ကြာ တိုင်း ၁၅ မိနစ် လောက်မျက်လုံးကို အနားပေးသင့်ပါ တယ်။ အလုပ်လုပ်နေစဉ်တွင် မှာလည်း ကွန်ပျူတာမှ အလင်းပြန်မှုကို ကာကွယ် နိုင်စေမယ့် မျက်မှန်တပ်ထားပေး သင့်ပါ တယ်။  
လမင်းလေး
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts