Sunday, May 18, 2014

ပျားရည်က ကင်ဆာရောဂါကို တွန်းလှန်နိုင်


ပျားရည်က ကင်ဆာရောဂါကို တွန်းလှန်နိုင်ပျားရည်ဟာ သားမြတ်၊ အရေပြား နဲ့ အူမကြီးကင်ဆာ အပါအဝင် ကင်ဆာ ဆဲလ်အားလုံးရဲ့ ကြီးထွားမှုကို တားမြစ် နိုင်တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ နယူးဇီလန်မှာ တွေ့ရတတ်တဲ့ Manuka သစ်ပင်ပေါ်က ပျားအုံမှ ရရှိ တဲ့ ပျားရည်ဟာ ဘက်တီးရီးယား တွေကို သုတ်သင်နိုင်ပြီး အနာကျက်နိုင်တဲ့ ဂုဏ် သတåိရှိတယ်လို့ နှစ်ပေါင်းများစွာ ကတည်း က တွေ့ရှိခဲ့ပေမယ့် ကင်ဆာဆဲလ်တွေ ပေါ်မှာ အစွမ်းထက် မှုကိုမူ တစ်ခါမှ မ စမ်းသပ်ရ သေးဘူးလို့ ယူအေအီးတက္က သိုလ်မှ သုတေသီတွေက ဆိုပါတယ်။
ပျားရည်ရဲ့ အစွမ်းထက် ဂုဏ်သတ္တိ အနေနဲ့ ကင်ဆာဝေဒနာ ရှင်တွေကို ကင်ဆာဆေး ဝါးနဲ့ ကုသရာမှာ ဖြစ်ပေါ်လာတဲ့
ဆိုးကျိုးတွေကို လျှော့ချနိုင်တယ်လို့လည်း သုတေ သီတွေက ဆိုပါတယ်။ ပျားရည်ကို ၁ ရာခိုင်နှုန်း အသုံးပြုရင်တောင် ကင်ဆာ ဆဲလ်တွေရဲ့ ကြီးထွားမှုကို ရပ်တန့်နိုင် တယ်လို့ ဆိုပါတယ်။
မန်နူကာ ပျားရည် ဟာ Apoptosis ခေါ် ဆဲလ်ဟောင်း တွေကိုဖယ်ပြီး ဆဲလ်သစ်တွေ ထုတ်လုပ် တဲ့ လုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက် ရောက်မှု ရှိသလို ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ သက်ရောက်မှုလည်း ရှိ တယ်လို့ ဆိုပါတယ်။ Apoptosis ဖြစ် တာများလွန်းရင် တစ်သျှူးတွေ သေးသိမ် သွားနိုင်ပြီး Apoptosis မလုံလောက်ရင် ဆဲလ်တွေ ထိန်းမနိုင်သိမ်း မနိုင်လောက် အောင် ပွားများလာပြီး ကင်ဆာဖြစ်စေ တတ်ပါတယ်။
Good Health

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts