တစ်ခါတစ်လေ
စကတ်အကားလေးတွေ၊ ဂါဝန်အတိုလေးတွေ ချွတ်ပစ်လိုက်ပြီး မိန်းကလေးအရမ်းမဆန်တဲ့
ပြီးတော့ လွတ်လပ်ပြီး အထာကျတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးတွေ
ဆင်မြန်းချင်လာတဲ့အခါ ဒီလို ဖက်ရှင်ဒီဇိုင်းမျိုးတွေ စဉ်းစားကြည့်လိုက်ပါ။
၁။လည်သာဂျက်ကတ် အမိုက်စားတွေရှိရင် ထုတ်ဝတ်ပစ်လိုက်ပါ။ တစ်ခါတစ်လေ စိတ်အပြောင်းအလဲဖြစ်သလို အထာလည်း ကျပါတယ်။

၂။ဂျင်းရှပ်လေးတွေကလည်း လူကို ပေါ့ပေါ့ပါးပါးရှိစေပြီး စတိုင်လ်ကျအောင် အတင်းလုပ်ယူစရာမလိုပဲနဲ့ကို စတိုင်လ်ကျစေမှာပါ။

၃။ဖိနပ်စင်ပေါ်က canvas တွေ၊ sneaker တွေ ယူပြီး ဒေါက်ဖိနပ်တွေကို ပြန်တင်ထားလိုက်ပါတော့။

၎။လက်စွပ်တွေကိုတော့ အထာကျအောင် ခုလို Rihanna လက်စွပ်ဒီဇိုင်းလေးတွေ ရှာဝတ်ပါ။ အဆင်တန်ဆာကလည်း ဖက်ရှင်အတွက် အရေးပါတယ် မဟုတ်လား။

၅။ကိုယ်က ဖိနပ်ဆို boot လေးတွေမှ နှစ်ခြိုက်တတ်သူဆိုရင်တော့ ခုလို ဒီဇိုင်းမျိုးကို ရအောင်ရှာထားလိုက်ပေါ့။

၆။ပွပွယောင်းယောင်းနဲ့ အလွယ်တကူ ထိုးစွပ်နိုင်မယ့် ရှပ်ဒီဇိုင်းလေးတွေလည်း ရှာထားပါ။

၇။ဒါ့အပြင် ထသွားထလာအတွက် မဖြစ်မနေလိုအပ်မယ့် tee လေးတွေလည်း အဆင်သင့်ရှိနေပါစေ။

Ref:Luckymag.com

No comments:
Post a Comment