မိုးတွင်းမှာ
ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေကို ရွေးချယ်ရမလဲ။ ဘောင်းဘီရှည်က ကောင်းပေမယ့်
မိုးရေစို၊ ဗွက်တွေပေကျံသွားရင်တော့ ရုပ်ဆိုးသွားပြီလို့သာ မှတ်ပေတော့။
စကတ်အကားအတိုလေးတွေကျတော့လည်း လေခပ်ကြမ်းကြမ်း လေးတစ်ချက်လောက်
တိုက်လိုက်တာနဲ့ ဖုံးရဖိရနဲ့ အဆင်မပြေပြန်ဘူး။ ဒီတော့ မိုးတွင်းနဲ့
လိုက်ဖက်ပြီး အထာကျတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို Lookbook ဖက်ရှင်ဆိုက်ကနေ
ရွေးချယ်ပေးလိုက်တယ်နော်။
၁။ဘောင်းဘီတိုဆိုပေမယ့် ကြည့်ရမရိုင်းအောင် ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်မယ့် ၀တ်ထားတဲ့ tee ဒါမှမဟုတ် တီရှပ်ပေါ်မှာ ကုတ်အင်္ကျံလေး တစ်ထည်ထပ်ဝတ်လိုက်ပေါ့။ ဒါဆို မိုက်သွားပြီလေ။

၂။စကတ်အတိုဆိုရင် ခုလို pencil စတက်မျိုးတွေ ၀တ်ပါ။ စကတ်အကားဆိုရင် လေတိုက်ရင် လွင့်တတ်တာကြောင့် မိုးတွင်းနဲ့လိုက်ဖက်တဲ့ စကတ်မျိုးကို ရွေးချယ်ပါ။

၃။ဖက်ရှင်လည်းကျ၊၊ လူငယ်လည်းဆန်၊ မိုးရာသီနဲ့လည်း အထူးလိုက်ဖက်လှတဲ့ ၀တ်စုံပေါ့။ အလုပ်သွားတဲ့အခါပဲဝတ်ဝတ်၊ ဒီအတိုင်း ရှော့ပင်သွားတဲ့အခါပဲဝတ်ဝတ် အဆင်ပြေပါတယ်။

၎။ထသွားထလာအတွက် သင့်တော်တဲ့ ဖက်ရှင်ပေါ့။ သရီးကွာတာဘောင်းဘီလေးတွေ ခုလတ်တလော ခေတ်မစားသေးပေမယ့် နောက်ပြန်ခေတ်စားလာမှာ သေချာတာမို့ ရှာဝယ်ဝတ်ကြည့်လိုက်နော်။

၅။ဘောင်းဘီရှည်ဝတ်ရတာ သဘောကျတယ်ဆိုရင်တော့ ခုလို ကုတ်အင်္ကျံအရှည်လေးတွေနဲ့ အဆင်ပြေအောင် တွဲဝတ်စေချင်ပါတယ်။ ဘောင်းဘီကို ခြေမျက်စိနားအထိလောက်ပဲ အရှည်ထားပြီး အလွယ်တကူခေါက်လို့ရမယ့် ဘောင်းဘီမျိုး ရှာဝတ်ပါ။

Ref:lookbook.nu

No comments:
Post a Comment