ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ မှာရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ရဲ့ ပထမဆုံး
လက်လီလုပ်ငန်းကုမ္ပဏီအဖြစ်ွဗဏ ဖက်ရှင် ကုမ္ပဏီက အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြားဖန်တီးပေးနေတဲ့ ပြည်တွင်းအထည်ချုပ်လုပ်ငန်းနယ်ပယ်ကို ၀င်ရောက်လာပြီ
ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အ၀တ်အထည်ထုတ်လုပ်ရေး ထိပ်သီးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆန်ဖရန်စစ္စကို
အခြေစိုက် GAP ဟာ ရန်ကုန်အခြေစိုက်စက်ရုံနှစ်ရုံမှာ Old Navy နဲ့ Banana Republic
တို့အတွက် ဂျာကင်နဲ့ အတွင်းခံအ၀တ်အထည်အော်ဒါတွေကို လက်ခံချုပ်လုပ်နေပြီဖြစ်ပြီး
ဇွန်လအတွင်းမှာပဲ အမေရိကန်ကိုတင်ပို့ရေး လုပ်ငန်းစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။
အခုလိုမျိုး GAP ရဲ့ဝင်ရောက်လာမှုကြောင့် မြန်မာအထည်ချုပ်လုပ်ငန်းနယ်ပယ်ကို ကမ္ဘာ့
ထိပ်သီး အင်အားကြီးကုမ္ပဏီတွေစတင် ခြေလှမ်းချပြီလို့ဆိုနိုင်ပေမယ့် ဒါဟာ GAP ရဲ့
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတော့ မဟုတ်သေးပဲ မြန်မာနိုင်ငံမှာရောက်နှင့် ပြီးသားဖြစ်တဲ့ သူနဲ့
ကာလကြာရှည်လက်တွဲလာပြီး မိတ်ဖက် လုပ်ငန်းလည်းဖြစ်တဲ့ တောင်ကိုရီးယား ကုမ္ပဏီ
ပိုင်စက်ရုံတွေဆီက တစ်ဆင့်ခံ ၀င်ရောက်လုပ်ကိုင်တာပါ။
GAP ရဲ့ အစိုးရနဲ့ ပြည်သူ့ရေးရာ အကြီးတန်း ဒါရိုက်တာ မစ္စတာဒက်ဘီမက်စ်လိုက ၎င်းတို့ ရဲ့
အထည်အော်ဒါအပ်နှံမှုကြောင့် အလုပ် အပ်ထားတဲ့စက်ရုံတစ်ရုံစီမှာ နောက်ထပ် လုပ်သားဦး
ရေ ၇၀၀ လောက်စီထပ်မံခန့်ထားနိုင်တယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌဦးအောင်ဝင်းက "ကျွန်တော်တို့
အသင်းသိသလောက်ကတော့GAP က လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကစပြီး ဒီမှာလာလေ့လာ
နေတာပါ။ အလုပ်အပ်ထား တာကတော့ တောင်ကိုရီးယားပိုင် စက်ရုံနှစ်ရုံ မှာပါ။ ပမာဏကတော့
သိပ်အများကြီး မဟုတ်လောက်သေးပါဘူး။ ဒါပေမဲ့ ဘာပဲပြော ပြော ဒါဟာတိုးတက်လာတဲ့
အမှတ်လက္ခဏာပဲပေါ့ "လို့ ပြောပါတယ်။
၂၀၀၃ ခုနှစ်မှာ စတင်တင်းကျပ်ခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုမတိုင်မီက မြန်မာ့
အထည်ချုပ်လုပ်ငန်းကဏ္ဍမှပြည်ပတင်ပို့မှုဟာ အများဆုံး အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိ
ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပိတ်ဆို့မှုဒဏ်တွေကြောင့် တစ်ဟုန်ထိုးကျဆင်းခဲ့တဲ့ အထည်ချုပ်
လုပ်ငန်း တွေဟာ ၂၀၁၁ နောက်ပိုင်းမှာ အရှိန်ပြန်ရ လာပြီး ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ အီးယူ
ကနေ အခွန်သက်သာခွင့်ွှဏ ကိုပါ ရရှိလိုက် တဲ့အတွက် ပြည်ပတင်ပို့မှုပမာဏ 'ကန်' ဒေါ်လာ
တစ်ဘီလျံလောက်အထိ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ွဗဏ သာမက ဗြိတိန်က TESCO နဲ့
DEWHIRST၊ အီးယူနဲ့ အမေရိကန်တို့ရဲ့ ကမ္ဘာ့ ထိပ်သီးအကြီးစားအ၀တ်အထည်ကုမ္ပဏီတွေ
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့မတ်လတုန်းက လာရောက်လေ့လာဆွေးနွေးခဲ့ပါသေးတယ်။
MM TIMES
No comments:
Post a Comment