Saturday, June 7, 2014

Vector-borne Diseases ပိုးမွှားကောင်လေးများကတဆင့် ကူးစက်သည့် ရောဂါများ

Health Awareness Program
Jointly organized by NHEC/WR, Dom Bosco Ashalayam and Yamuna Clinic
26-27 June 2008
လူနှင့် တိရစ္ဆာန်များအား (အင်းဆက်) ပိုးမွှားကောင်လေးများကတဆင့် ကူးစက်စေသည့် ရောဂါများကို ခေါ်သည်။ (အင်းဆက်)ပိုး အမျိုးမျိုး ရှိသည်။ ခြင်၊ မှက်၊ ယင်၊ သန်း စသည်တို့ ဖြစ်သည်။ ၄င်း (အင်းဆက်)များသည် (ဗိုင်းရပ်စ်)၊
(ဗက်တီးရီးယား)၊ (ရီကက်ဆီယေး) အကောင်များက သယ်ဆောင်လျက် အကိုက်ခံရသည့် လူနှင့် တိရစ္ဆာန်များအား ရောဂါရစေသည်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ပလိပ်၊ ဆင်ခြေထောက်ရောဂါ၊ (တိုက်ဖတ်စ်)၊ (ရဲလိုးဖီဗာ) စသည်တို့ပါဝင်သည်။

- Chikungunya ခြင်ကတဆင့်ကူးစက်သည့် (ဗိုင်းရပ်စ်) ရောဂါတမျိုး၊ (ဆင်ဖြူတော် တုပ်ကွေး)
- Dengue fever သွေးလွန်တုပါကွေးရောဂါ၊
- Eastern Equine Encephalitis (EEE) ခြင်ကတဆင့် ကူးစက်သည့် (ဗိုင်းရပ်စ်) ရောဂါတမျိုး၊
- Epidemic polyarthritis ကပ်ရောဂါဖြစ်သည့် အဆစ်နာရောဂါတမျိုး၊
- Japanese encephalitis စပါးခင်းခြင်က တဆင့်ကူးစက်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါ၊
- Kyasanur Forest disease (ကနာတာကာ) ရှိ သစ်တောရှိမျောက်များကတဆင့် ကူးစက်သည့်ရောဂါ၊
- La Crosse encephalitis (လာ-ခရောစ်) ဦးနှောက်ရောင် ခြင်ကတဆင့် ကူးစက်သည့် (ဗိုင်းရပ်စ်) ရောဂါ၊
- Leishmaniasis သဲခြင်မကတဆင့် ကူးစက်သည့် အရေပြား အနာရောဂါ၊
- Loaiasis သရက်ပိုးကတဆင့် ကူးစက်သည့်ရောဂါ၊
- Lyme disease သမင်ခြင်ကောင်ကတဆင့် ကူးစက်သည့်ရောဂါ၊
- Malaria ငှက်ဖျား၊ ခြင်ကတဆင့် ကူးစက်သည့်ရောဂါ၊
- Onchocerciasis ခြင်နက်ကတဆင့် ကူးစက်သည့် မျက်စိရောဂါ၊
- Plague ကြွက်သန်းကတဆင့် ကူးစက်သည့် ကပ်ရောဂါကြီး၊
- Relapsing Fever သန်း၊ မှက် ကတဆင့် ကူးစက်သည့် ရောဂါ၊
- St. Louis encephalitis ခြင်ကတဆင့် ကူးစက်သည့် ဂျပန်ဦးနှောက်ရောင်နှင့်ဆင်သည့် ရောဂါ၊
- Venezuelan equine encephalitis ခြင်ကတဆင့်ကူးစက်သည့် (ဗိုင်းရပ်စ်) ဦးနှောက်ရောင်ရောဂါတမျိုး၊
- West Nile fever ခြင်ကတဆင့်ကူးစက်သည့် ဂျပန်ဦးနှောက်ရောင်နှင့်ဆင်သည့် ရောဂါ၊
- Western equine encephalitis ခြင်ကတဆင့်ကူးစက်သည့် ဦးဏှောက်ရောင်ရောဂါ၊
- Yellow fever ခြင်ကတဆင့်ကူးစက်သည့် (ဗိုင်းရပ်စ်) အဖျားရောဂါတမျိုး၊

Dr.တင့်ဆွေ

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts