Saturday, June 7, 2014

Tightness of chest ရင်ကြပ်ရောဂါ

Q: လေးစားရပါသော ဆရာခင်ဗျား ရင်ကြပ်ရောဂါအကြောင်း သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် လေးစားစွာ တောင်းဆိုပါရစေ။ ကျွန်တော် သိချင်တာရယ်၊ ရင်ထဲမှာ ခံစားခဲ့ရတာရယ်။ (ဆရာဝန်ရဲ့တုန်ပြန့်မှု)

ကျွန်တော်သားက ယခု ၄ နှစ် ပြည့်ခါနီးပါပြီး၊ ၃ နှစ် ၆ လ တုန်းက ချောင်းဆိုးကြာလို့ အိမ်နား ဆေးခန်းပြပြီး ဆေးသောက်တာ မပျောက်ဘူး၊ ဒီတော့ ကလေး အထူးကုနဲ့ပြမှ ရတော့မယ်ဆိုပြီး SSC ကိုပြေးရတော့တာပဲ။ ဟိုရောက်တော့ ဆရာဝန်က ထုံးစံအတိုင်း ကလေး

အခြေအနေတွေ မေးတယ်၊ ချောင်းဆိုးတာ နှစ်ပတ် လောက် ရှိပြီး၊ ရေမချိုးတာ ကြာလို့လား မသိဘူး ညဘက် ကိုယ်ပူချင်တယ်။ ဒီတော့ ဆရာဝန်က ချောင်းဆိုးတာ ကြာပြီဆိုတော့ ရင်ကြပ်မျိုးရှိလား အဖေဘက်ကရော၊ အမေဘက်ကရော၊ မေးပါတယ်။ ရှိပါတယ်လို့ အမေဘက် ကလေးအဘွားမှာ။ ကျွန်တော်ကလည်း သိလိုသမျှ မေးတာ များသွားတော့၊ ဆရာဝန်က ပြောပါတယ်။ Generation ရှိရင် ရင်ကြပ်ပဲ၊ ရင်ကြပ်ရောဂါဆိုတာ တသက်လုံး မပျောက်ဘူးလို့ စိတ်ဆိုးမာန်ဆိုး နဲ့ဖြေပါတယ် (မေးတာ များသွားလို့လား မသိဘူး)။ ပထမ တနေ့ပြတယ်၊ Ventolin ၃ ကဒ် ပေးတယ် ၄ ပုံ ၃ ပုံ တနေ့ သုံးကြိမ်သောက်၊ ပြီးရင် ပြန်လာပြ၊ မပျောက်တော့ ထပ်ပြရတာပေါ့၊ ဒီလိုဆိုရင် သွေးဖောက်စစ်၊ ဓါတ်မှန်ရိုက် ပြန်လာပြဆိုပြီး ရက်ချိန်းလိုက်ပါတယ်။ ကျွန်တော့်သား သွေး နှစ်ခါ ဖောက်ခဲ့ရပါတယ်။ ပထမတစ်ခါ သွေးကြောရှာ မတွေ့တာနဲ့၊ ထိုနည်းလည်းကောင်း ဓါတ်မှန်လည်း နှစ်ခါ ရိုက်ခဲ့ရပါသည်။ ကလေးက လှုပ်လို့မငြိမ်လို့။ အဖြေရတော့ အကျိုးအကြောင်း သိချင်တာပေါ့၊ TB တွေ ဘာတွေ ဖြစ်သလားပေါ့၊ ဓါတ်မှန်ဆရာကလည်း မလာ။ အထူးကုဆရာဝန်ကလည်း အဆုတ်မှာ သိပ်ရှင်းရှင်း မရှိဘူးလို့ ဒါပဲ ပြောပါတယ်။ ကျွန်တော်လည်း မမေးရဲတော့ဘူး ဘာဖြစ်လို့ ညာဖြစ်လို့။ ဆေးနောက်တစ်မျိုး ပြောင်းပေးတယ်။ ပိုးသတ်ဆေး ထင်ပါတယ်။ ချောင်းဆိုသေးရင် Ventolin ပါသောက် ပြောပါတယ်။ ဆေးကုန်သွားပြန်ပြီ မထူးခြားတော့၊ ကျွန်တော် အမျိုးသမီး အမေ၊ အစ်မတွေနဲ့ တိုင်ပင်ပြီး အမျိုးသမီး အမေပြနေကြ ဆရာဝန်ကို ထပ်ပြကြည့်ရပါတယ်။ ဓါတ်မှန်အဖြေလည်း မေးကြည့်ပါတယ်။ ဆရာဝန်က အဆုတ်မှာ အရိပ်နည်းနည်းပဲ ရှိတာပါ။ ဆေးပေးလိုက်မယ် သောက်ကြည့်လိုက်ပါ ဆိုပြီး တော်တော်လေးကို သက်သာ ပျောက်ကင်းသွားပါတယ်။

ပြီးခဲ့တဲ့အပတ်လောက် ချောင်းပြန်ဆိုးလာပါတယ်။ (အချိုတွေ စားတာ များသွားလို့) သလိပ်တွေလည်း ထလာတယ်။ မထွေးထုတ်တတ်ဘူး။ ပါးစပ်နဲ့ တရှုရှု လေရှုပါတယ်။ အဲတာနဲ့ အမျိုးသမီး အမေ ပြနေကြ ဆရာဝန်ကို ထပ်ပြ ကြည့်ရပါတယ်။ ဆေးပေးတယ် သောက်တယ် ဆေးကုန်သွားပေးမယ့်၊ သလိပ်ကျန်သေးတယ်၊ ပါးစပ်နဲ့ လေနည်းနည်း ရှုသေးပါတယ်။ အဲတာ ရင်ကြပ်ရောဂါလားခင်ဗျား။

1) ရင်ကြပ်ရောဂါဆိုတာ တသက်လုံးမပျောက်ဘူးဆိုတာမှန်ပါသလား ?
2) 3 နှစ် ကျော် 4 နှစ်ကလေး Ventolin တိုက်လို့ရပါသလား? ဘာဆေးတိုက်လို့ရပါလဲ ?
3) ဆောင်ရန် ရှောင်ရန်လေးများ ညွှန်ကြားပေးပါရန်၊
4) လာရောက်ပြသတဲ့ လူနာတွေအပေါ် စေတနာ အပြည့်အဝရှိတဲ့ မြန်မာပြည်က ကလေးဆရာဝန်ကို ညွှန်ကြားပေးပါရန်။

A: ပဌမဆုံးတော့ ဆရာဝန်တဦးရဲ့ဆက်ဆံမှုအတွက် သူ့ကိုယ်စားဘဲ တောင်းပန်စကား ပြောပါရစေ။

ဖတ်ရတာတွေ ထောက်ရင် ၂ မျိုး ဖြစ်နိုင်နေပါတယ်။ ရင်ကြပ်တဲ့ အချိန်မှာ ကလေးရဲ့ အသက်ရှူတဲ့ အသံက ကြပ်နေတာမျိုး ကြားရသလား။ ဥပမာ စီစီ စီစီ၊ ရႊၽီရႊီ ရႊၽီရႊီ၊ ကြပ်နေချိန်မှာ သူအသက်ရှူပုံက ပါးစပ်ကနေပါ ရှူသလား။ သိပ်ဆိုးရင် လည်ပင်ကြောတွေပါ ထောင်နေသလား၊ နှုပ်ခမ်းနဲနဲ ပြာနေသေးလား။ ကြပ်တဲ့ အချိန်က တူနေတတ်သလား။ ဥပမာ မိုးအုံ့ချိန်၊ အစာတခုခု သတ်သတ်မှတ်မှတ် စားပြီးချိန် စသဖြင့်။ အဲဒီအခြေအနေနဲ့ လက္ခဏာတွေက ပန်းနာ-ရင်ကြပ် လို့ ခေါ်နိုင်တယ်။ အသက်ရှူတာကို သူ ကြပ်နေချိန်မှာ နားကြပ်နဲ့ နားထောင်ရင် သိသာလိမ့်မယ်။

ဒုတိယ စဉ်းစားလို့ရတာက အသက်ရှူလမ်း ပိုးဝင်လို့ဖြစ်တာ။ ပိုးမှာလဲ ဖြစ်နေကြ ဗက်တီးရီးယား နဲ့ တီဘီ။ မွေးစက (ဘီစီဂျီ) ကာကွယ်ဆေး ဘယ်ဘက်ပခုံးမှာ ထိုးထားရင် တီဘီဖြစ်ဘို့ အခွင့်အလမ်း အတော်ကြီး နည်းပါမယ်။ တီဘီ ဖြစ်ဖြစ်၊ တခြားပိုးဝင်လို့ဖြစ်ဖြစ် အဆုပ်ပွနေရင် ဓါတ်မှန်မှာ ပေါ်ချင်ပေါ်တတ်တယ်။ တီဘီဖြစ်ရင် ကလေးက ညနေပိုင်း ကိုယ်နည်းနည်း ပူတတ်တယ်။ ညပိုင်း ခေါင်းချွေး ထွက်တတ်တယ်။ ကိုယ်အလေးချိန် မတိုးဘဲ နေတတ်တယ်။

ပိုးဝင်တာက တီဘီ မဟုတ်ရင် ပဋိဇီဝဆေးပေးလို့ သက်သာသွားနိုင်ပါတယ်။ တခုရှိသေးပါတယ်။ ပန်းနာရှိနေရင် ပိုးဝင်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါဆိုရင် ပဋိဇီဝဆေးပေးရင် တမျိုးကောင်းသွားပြီး၊ ကြပ်ချိန်ရောက်ရင်တော့ ကြပ်လိမ့်အုံးမယ်။

ချွဲမထုတ်တတ်သေးတဲ့ အရွယ်အတွက် ရေနွေးငွေ့ ရှူစေပါ။ Steam inhalation ရေနွေး ပွက်အောက်လုပ်၊ ခွက်တခုထဲထည့်၊ ကလေးခေါင်းကို ခွက်ပေါ် အငွေ့ထွက်နေတဲ့ နေရာမှာ ပါးစပ် နဲ့ နှာခေါင်းထား၊ အငွေ့ မပြန့်အောင် ပုဝါ တထည် ခြုံပြီး၊ ပုံမှန် အသက်ရှူနည်း ဖြစ်တယ်။ ဘာဆေးမှ ရေနွေးထဲ မထည့်ပါနဲ့။ လျှပ်စစ်သုံး Steam inhalator/Inhaler နဲ့ Facial Sauna ကိုလည်း သုံးနိုင်ပါတယ်။ အတော် ထိရောက်တယ်။ ချွဲပျော်စေတယ်။

Ventolin ဆေးက လေပြွန်ကျဉ်းနေတာကို ကျယ်စေအာင် လုပ်ပေးတဲ့ဆေး ဖြစ်တယ်။ အများဆုံးက ပန်းနာ အတွက် သုံးတာ။ တခြား အကြောင်းတွေကြောင့် ရင်ကြပ်ရင်လည်း ပေးပါတယ်။ Salbutamol or Albuterol ကို ခေါ်တာပါ။ ရှူဆေး-သောက်ဆေး ရှိပါတယ်။ Salbutamol ကို ကလေး ၂ နှစ်မှ ၆ နှစ်၊ 0.1 - 0.2 mg/kg given 3 times daily ပေးရတယ်။ Ventolin inhaler ရှူဆေးကို သုံးတာ ပိုကောင်းတယ်။

ပန်းနာ မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်။ ဗဟုသုတအဖြစ် ဖတ်ရအောင်း အရင်ရေးထားတာ ထည့်ပေးလိုက်ပါတယ်။

လိုသေးရင် မေးပါ။ ကလေးဆိုတော့ မပြောတတ် ရှာသေးဘူး။ မိသားစု အားလုံး ကျန်းမာ-ချမ်းသာကြပါစေ။

Dr. တင့်ဆွေ

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts