Saturday, July 19, 2014

ဆယ်စုနှစ် တစ်ခုမျှ အတောအတွင်း ပထမဆုံးအကြိမ် စုံတွဲသရုပ်ဆောင်မည့် ဂျိုလီနှင့်ပစ်တ်


ဆယ်စုနှစ် တစ်ခုစာမျှ အချိန်အတွင်း ပထမဆုံးအဖြစ် ဘရတ်ပစ်တ်နှင့် အန်ဂျလီနာဂျိုလီတို့ ရုပ်ရှင်ဇာတ်ကား တစ်ခုတွင် အတူတွဲဖက် သရုပ်ဆောင်မည်ဟု ဟော
လိဝုဒ် နာမည်ကျော် စုံတွဲက အတည်ပြုခဲ့သည်။
မွေးစားကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးအထိ ရရှိထားသည့် စုံတွဲသည် (၂၀၀၅)ခုနှစ်က ရုံတင်သည့် Mr. and Mrs Smith ဇာတ်ကား၌ အတူတွဲဖက် သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဇာတ်ကားတစ်ကားတွင် နှစ်ဦးအတူ ပါဝင်မှု လုံးဝ မရှိတော့ချေ။
ယခုအခါတွင်မူ မင်းသမီး ဂျိုလီကိုယ်တိုင် ရေးသားရိုက်ကူးမည့် By the Sea ဇာတ်ကားတွင် ၎င်းတို့နှစ်ဦး အတူသရုပ်ဆောင်မည်ဟု သိရှိရသည်။ By the  ဒါရိုက်တာ တစ်ဦးအဖြစ် ဂျိုလီတာဝန်ယူမည့် တတိယမြောက် ဇာတ်ကားလည်း ဖြစ်သည်။ သူမသည် In the Land of Blood and Honeyနှင့် Unbroken ဇာတ်ကားများကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။
Drama ဇာတ်လမ်းတစ်ခုဖြစ်သည့် By the Universal က တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး ပစ်တ်နှင့် ဂျိုလီတို့၏ သားသမီးများလည်း ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဂျိုလီသည် သူမပါဝင် သရုပ်ဆောင်ခဲ့သည့် Maleficent ဇာတ်ကားတွင် သမီးဖြစ်သူ ဗီဗီယန်ကို ထည့်သွင်းခဲ့ဖူးသလို ပစ်တ်၏ The Curious Case of Benjanmin Buntton ရုပ်ရှင်တွင်လည်း သမီးဖြစ်သူ ရှီလိုက မထင်မရှား ဇာတ်ဝင်ခန်း တစ်ခုမှ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။
_Ref: CNN

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts