Saturday, July 19, 2014

လက်ထပ်ခြင်းရဲ့ ဆိုလိုရင်း

လက်ထပ်ခြင်းဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ လက်ထပ်ခြင်းကို သင်ရွေးချယ်ရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ထပ်ခြင်းကနေ အမှန်တကယ်ဖြစ်လာတဲ့ အချက်တွေကိုတော့ သင့်အနေနဲ့
လက်ခံရမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလေ့လာကြည့်ပါ။
၁။ လက်ထပ်ခြင်းကနေ ငွေကြေးအကျိုးအမြတ်တွေရရှိပါတယ်။
စုံတွဲဖြစ်လာပြီဆိုတော့ အိမ်သုံးပစ္စည်းတွေကို ပေါင်းလိုက်ခြင်းကနေ အသုံးစရိတ်လျော့သွားတာကို သင်တွေ့ရပါလိမ့်မယ်။ ပြီးနောက် ငွေစုလို့ရတယ်၊ ပိုပြီးချမ်းသာဖို့ အလားအလာရှိပါတယ်။
၂။ လက်ထပ်ခြင်းက သင့်ကို ပိုပြီးကျန်းမာစေတယ်။
အိမ်ထောင်ရှိတဲ့သူတွေဟာ တစ်ကိုယ်တော်သမားတွေထက် လူရောစိတ်ပါ ပိုပြီးကျန်းမာပါတယ်။ ပိုပြီးလည်း လုံခြုံမှုကို ခံစားရတဲ့အတွက် သက်တောင့်သက်သာရှိတဲ့ ဘဝကို အများအားဖြင့် ပိုင်ဆိုင်နိုင်ပါတယ်။
၃။ လက်ထပ်ခြင်းဟာ ကလေးငယ်တွေအတွက် ကောင်းပါတယ်။
လက်မထပ်ပဲရထားတဲ့ ကလေးတွေဟာ အရာရာမှာ ဆင်းရဲတတ်ကြပါတယ်။ ဥပမာ- ကျောင်းမတတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်း၊ ကိုယ်ကျင့်တရားပျက်ဆီးခြင်း… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းကြတာများပါတယ်။
၎။ လက်ထပ်ခြင်းက လိင်ဆက်ဆံမှု ပိုမိုကောင်းမွန်စေတယ်။
Living together (လက်မထပ်ပဲအတူနေခြင်း) ထက် လက်ထပ်ပြီးနောက် လိင်ဆက်ဆံတဲ့အခါမှာ ပိုပြီးကျေနပ်မှုကို ခံစားစေနိုင်ပါတယ်။
၅။ Living togetherကြောင့် လက်ထပ်ပြီးမှ အိမ်ထောင်ကွဲဖို့အလားအလာ ပိုပြီးများစေနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် လုံခြုံစိတ်ချမှုတွေကို ပိုခံစားနိုင်ပေမယ့် လက်မထပ်သေးခင် အတူနေခဲ့ကြတဲ့ ပုံစံနဲ့ တခြားစီဖြစ်သွားတာကို သင့်အနေနဲ့ လက်ခံဖို့ ခက်ခဲနိုင်ပါတယ်။
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts