Thursday, July 17, 2014

ကာကွယ်မနှေး စမ်းသပ်ပေး


 ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။

ဒါပေမဲ့ ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။

ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို အမြဲစစ်ဆေးနေသင့်ပါတယ်။

ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။

သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း အရေးကြီးပါတယ်။

အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။

Mg Mandalay

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts