Thursday, July 17, 2014

Samsung Galaxy S5 အတွက် Moshi SenseCover


မတော်တဆ လွတ်ကျခြင်း၊ ထိခိုက်မိခြင်းတို့ ဖြစ်ပေါ်သည့်အခါ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်မည့် Galaxy S5 SenseCover ဖြစ်သည်။


Flip-cover case သည် ဖုန်းခေါ်ဆိုမှုများ ဖြေကြားခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ပြုလုပ်နိုင်သလို cover ကို ပိတ်ထားစဉ်တွင်လည်း အချက်ပေးသံ မမြည်အောင် ပိတ်ထားပေးနိုင်သည်။

ထို့အပြင် အခမဲ့ Moshi SenseCover app နှင့် ချိတ်ဆက်ကာ notification များ စစ်ဆေးခြင်း၊ သီချင်း ဖွင့်ခြင်း၊ Instagram တွင် တင်နိုင်မည့် ဓာတ်ပုံများ ရိုက်ကူးခြင်း အပါအဝင် အပိုဆောင်း feature များ၊ function များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Galaxy S5 စမတ်ဖုန်းကို ၃၆၀ ဒီဂရီ ကာကွယ်ပေးနိုင်ပြီး သတ္တုနှင့်တူသော သားရေတု cover ကလည်း မလိုလားအပ်သော စင်းရာခြစ်ရာများကို ကာကွယ်ပေးနိုင်သည်။

အနက်ရောင်၊ ပန်းရောင်ဖြင့် ရရှိနိုင်ပြီး တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၄.၉၅ ဖြစ်သည်။

Ref: Coolest-Gadgets

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts