Friday, July 25, 2014

အားလပ်ရက်မှာ လည်စရာ

Spa မှာ အပန်းဖြေမယ်
ဓာတ်ပုံ− နစ်ကီ
ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာ တော့မိုးတွေလည်း နေ့စဉ်ရက် ဆက် ရွာနေတာမို့ မိုးလုံလေလုံနဲ့ တစ်ပတ်လုံး ပင်ပန်းထားသမျှ ပြေပျောက်နိုင်ဖို့ရာအတွက် ရန်ကုန်မြို့တွင်းရှိ Spa တချို့ကို ညွှန်ပြလိုပါတယ်။

အဲဒီ Spa တွေကိုသွားဖို့ရာ အတွက် အမျိုးသမီးများ၊ အိမ်ထောင်ရှင်မများက အလွန်ကြိုက် နှစ်သက်မှာပါ။ သူတို့အပြင်အခုနောက်ပိုင်းမှာလည်း Beauty Spa တွေကို အမျိုးသားတွေပါ စိတ်ဝင်တစား သွားရောက်ပြုလုပ်လာတာကို တွေ့ရပါတယ်။ ခြေသည်း Spa ၊ လက်သည်း Spa စတာတွေကစပြီး တစ်ကိုယ်လုံး ပေါင်းတင်တာအထိ ပြုလုပ်တဲ့ နည်းတွေကလည်း ပျိုမေတို့ မယ်မဒီတို့ကြားမှာ အလွန်ရေပန်းစားလျက် ရှိနေပါတယ်။
အဲဒါကြောင့် ရန်ကုန်မြို့ အတွင်းရှိ နာမည်ကျော်တဲ့ SPA တချို့နဲ့ လူတန်းစားအချို့လက်လှမ်းမီနိုင်တဲ့ SPA တချို့ကိုဖော်ပြလိုက်ပါတယ်။
Aroma Hair & Beauty Spa
Aroma ကတော့ တော်တော်များများသိကြတဲ့ နာမည်ပါ။ တာမွေ ဦးချစ်မောင်လမ်းရှိ ဦးချစ်မောင် အိမ်ရာမှာရှိတဲ့ Aromaမှာ Beauty Spa ကိုပါတွဲပြီး ဖွင့်လှစ်ထားတာကြောင့် Aroma Zulu Studio ကိုသွားတဲ့ သူတွေက အပေါ်ထပ်မှာရှိတဲ့ Beauty Spa ကိုပါ တစ်ခါတည်းဝင်နိုင်မှာပါ။
Aroma မှာ Spa လေးမျိုးရှိပြီး ဆံပင်၊ ခန္ဓာကိုယ်၊ မျက်နှာ၊ ခြေသည်း၊ လက်သည်းဆိုပြီး Spaလေးမျိုး ရှိပါတယ်။ ဆံပင်နဲ့ပတ်သက်တဲ့ Hair Spa မှာ ခေါင်း လျှော်တာကစပြီး ဆံပင်ဆက် ခြင်း၊ ဆံပင်ပေါ် စိန်စီတာတွေ အထိရှိနေပါတယ်။ ဆံပင်အလှ ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ဈေးနှုန်းတွေကတော့ အနည်းဆုံး ၃,၅၀၀ ကျပ်ကနေ ၈၀,၀၀၀ ကျပ်အထိရှိပါတယ်။
ခန္ဓာကိုယ် အလှပြုပြင်တာ နဲ့ပတ်သတ်တဲ့ Body Spa မှာ တော့ ခန္ဓာကိုယ်ပေါင်းတင် ကြေးချွတ်တာတွေ၊ ယာယီအလှတက်တူးထိုးခြင်းတို့ကစလို့ စိတ်ပင်ပန်းသူများအတွက် အနံ့မျိုးစုံ သဘာဝအဆီအနှစ်များနဲ့ စိတ်ဖိစီးမှုပြေပျောက်စေဖို့ စတာတွေ အထိ ပြုလုပ်နိုင်ပါတယ်။ အဲဒါ တွေနဲ့ ပတ်သက်ပြီး သတ်မှတ် ထားတဲ့ ဈေးနှုန်းတွေကတော့ ၆,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။
မျက်နှာ အလှပြုပြင်ခြင်း Facial Spa ကတော့ Aroma မှာ အမျိုးအမည်များများ ပြုလုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ မျက်နှာပေါင်းတင်၊ မျက်နှာကြေးချွတ်၊ တာတွေအပြင်၊ နှုတ်ခမ်းသားညိုပြီး ပျက်စီးတာတွေကို ပေါင်းတင်ပေးခြင်း၊ မျက်ကွင်းညိုတာ တွေ အရေးအကြောင်းဖြစ်တာတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ မျက်နှာအလှပြုပြင်တာ တွေအတွက် ဈေးနှုန်းတွေက တော့ ၃,၅၀၀ ကျပ်ကနေ တစ် သိန်းကျင် ၀န်းကျင်အထိ ရှိပါ တယ်။
ပျိုမေတို့ စိတ်ဝင်တစား ပြုလုပ်ကြတဲ့ ခြေသည်း၊ လက် သည်းအလှပြုပြင်တဲ့ Nail Spa မှာ ခြေသည်း၊ လက်သည်းများ အလှပုံဖော်တာတွေအပြင် လက်ပေါင်းတင်၊ ခြေထောက်ပေါင်း တင် စတာတွေကို ပြုလုပ်နိုင်မှာ ပါ။ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကတော့ ၃,၀၀၀ ကျပ်က နေ ၂၅,၀၀၀ ကျပ်အထိ အစားစားရှိနေပါတယ်။
နောက်ပိုင်းမှာတော့ Aroma Spa  ကိုအလှအပအတွက် လာ ရောက်သူတွေက ဆံပင်ဆက်တာကို ပြုလုပ်တာများတယ်လို့ သိရပါတယ်။ ဒါ့အပြင် မျက်နှာအဆိပ်ထုတ်ပေါင်းတင်တဲ့သူတွေလည်း များလာတယ်လို့ ဆိုပါတယ်။
အဲဒီမှာလာရောက် အလှပြု ပြင်သူတွေ များပေမယ့်လည်း ၀န်ဆောင်မှုအတွက် မလစ်ဟင်း၊ စောင့်ဆိုင်းနေရတာမျိုး မဖြစ်စေရေးအတွက်လည်း ၀န်ထမ်းတွေကို အပြည့်အ၀ခန့်ထားတာ မို့ အလှအပပြုပြင်ရေးအတွက် စိတ်ချရတဲ့ နေရာကို ရွေးမယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ နေ ရာတစ်ခု ဖြစ်ပါတယ်။
 Spa My Way
လှည်းတန်း စံရိပ်ငြိမ် ၆  လမ်းမှာရှိတဲ့ Beauty Spa ဖြစ်ပါတယ်။ Spa My Way မှာ ခန္ဓာကိုယ် Spa နဲ့ မျက်နှာနဲ့ပတ်သတ်တဲ့ Spa တွေကို ပြုလုပ်နိုင်ပါတယ်။ အဲဒါအပြင် Package အလိုက် ဆောင်ရွက်ပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Spa My Way မှာ ပြုလုပ်နိုင်မှာတွေကတော့ ခန္ဓာကိုယ် ကြေးချွတ်၊ ချွေးထုတ်၊ ပေါင်းတင်အဓိကထားပြီးတော့ လုပ်ပေးပါတယ်။ အဲဒီလိုမျိုး ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နှစ်နာရီကြာ  ထိုင်းနိုင်ငံက ဆေးနဲ့ဆိုရင်တော့ ကျပ် ၃၅,၀၀၀၊ ပြင်သစ်ထုတ်ဆေးနဲ့ ပြုလုပ်မယ်ဆိုရင် ၆၀,၀၀၀ ကျပ် သတ်မှတ်ပေးထားပါတယ်။
 Spa My Way မှာ ထိုင်းနဲ့ ပြင်သစ်နိုင်ငံထုတ် အလှပြုပြင်ပစ္စည်းဆိုပြီး ဆေးနှစ်မျိုးသုံးပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ခန္ဓာကိုယ်ချည်းသက်သက် ကြေးချွတ်သီးသန့် လုပ်မယ်ဆိုရင် တော့ ထိုင်းဆေးနဲ့ဆိုရင် ကျပ် ၂၅,၀၀၀ သတ်မှတ်ထားပါတယ်။
ထိုင်းဆေးနဲ့ မျက်နှာ Spa ပြုလုပ်မယ်ဆိုရင်တော့ ကျပ် ၂၅,၀၀၀ သတ်မှတ်ထားပြီး ပြင်သစ်ဆေးနဲ့ မျက်နှာ Spa လုပ်မယ်ဆိုရင် ကျပ် ၄၀,၀၀၀ သတ်မှတ်ထားတာမို့ ဈေးနှုန်း သင့်တင်တယ်လို့ ဆိုရမှာပါ။
နောက်ပြီး Spa My Way မှာပြုလုပ်နိုင်တာက Package အလိုက်လုပ်နိုင်မယ့် အရာတွေပါ။ လေးနာရီကြာ ခန္ဓာကိုယ်ချွေးထုတ်၊ ပေါင်းတင်၊ ကြေးချွတ်၊ ခေါင်းလျှော်ခြင်း၊ ဆီးလူးပြီး နှိပ်နှယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကတော့ ကျပ် ၆၀,၀၀၀ သတ်မှတ်ထားပါတယ်။
ထူးခြားတဲ့ Package တစ်ခုကတော့ မင်္ဂလာဆောင်မယ့်သူတွေအတွက်ပါ။ သတို့သားရော၊ သတို့သမီးပါ ခန္ဓာကိုယ် ကြေးချွတ်ပေါင်းတင်၊ ချွေးထုတ်စတာတွေကို နှစ်ယောက်စာကို ကျပ်တစ်သိန်းနဲ့ ပြုလုပ်နိုင်ဖို့စီစဉ်ပေးထားတာမို့ ဈေးနှုန်းသင့်တင့်ပြီး စုံတွဲတွေအတွက် အဆင်ပြေမှာပါ။
Spa My Way ကိုသွားမယ်ဆိုရင်တော့ သိထားသင်တဲ့ အချက်တစ်ခုက ညပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ မော်ဒယ်တွေ လာပြီး Spa လုပ်ကြတာမို့ နေ့ခင်းနေ့လယ်မှာ သွားပြီးတော့ လုပ်ဆောင်မယ်ဆိုရင် အချိန်သင့် တော်မှာပါလို့ ပြောချင်ပါတယ်။
Golden Park
နောက်ထပ် ညွှန်ပြချင်တဲ့ နေရာတစ်ခုကတော့ မြောက်ဒဂုံ မ.၀.တ လမ်းဆုံမှာရှိတဲ့ ကိုရီးယား Golden Park Spa ပါပဲ ။
အဲဒီ Golden Park မှာSkin Care အရေပြားထိန်းသိမ်း ခြင်းဆိုင်ရာတွေ၊ ခြေထောက် နိုပ်နယ်ပေးခြင်း၊ ဆံပင်နဲ့ ဆိုင်တဲ့ အလှပြုပြင်ခြင်း ဆို်င်ရာတွေ ကို ပြုလုပ်နိုင်မှာပါ။
အဲဒီမှာ ထူးခြားတာကတော့ ခန္ဓာကိုယ်ပေါင်းတင်ခြင်းစတဲ့ အလှအပဆိုင်ရာတွေကို ပြုလုပ်တဲ့  နေရာမှာတော့ ကိုရီးယားနည်းပညာများ၊ ကိုရီးယား အလှပြင်ပစ္စည်းတွေကို အသုံးပြုပြီး  ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကိုရီးယားကျွမ်းကျင် ပညာရှင်တွေ ပြုလုပ်ပေးတာလည်း ဖြစ်ပါ တယ်။
ခန္ဓာကိုယ် အလှပြုပြင်ခြင်း မတိုင်မီ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေဖို့အတွက်လည်း ဆောင်
နာခေါ် ချွေးပုပ်ထုတ်ခန်းဝင်ခြင်း ကလည်း ကျန်းမာရေးအတွက် အထူးသင့်တော်တာမို့ ချွေးပုပ် ထုတ်ခန်းဆောင်နာတွေ၊ ချွေးပေါင်းခန်းတွေ ရှိပါတယ်။
Skin Care နဲ့ ခန္ဓာကိုယ်ပေါင်းတင် ကြေးချွတ် လုပ်မယ် ဆိုပါက အပေါ်က ညွှန်ပြခဲ့တဲ့ ဆိုင်တွေနည်းတူ ကျပ် ၂၀,၀၀၀၀န်းကျင်မှ ၈၀,၀၀၀ ၀န်းကျင်အထိ အစားစားရှိနေပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးအရ သီးသန့် ချွေးပုပ်ထုတ်၊ အနားယူ ဆံပင်ညှပ်၊ ခေါင်းလျှော်မယ်ဆိုရင် ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ ကြားရှိတာကြောင့် ဈေးလည်း သင့်တင့်လှပါတယ်။ အေးအေးချမ်းချမ်းနဲ့ သာသာယာယာသွားပြီး Spa လုပ်ချင်သူတွေအတွက် Golden Park က သင့်တော်မယ် ထင်ပါတယ်။
The Body Shop
ရှစ်မိုင်က ဟိုတယ်ရန်ကုန် မှာရှိတဲ့ ခန္ဓာကိုယ်သီးသန့် ဆောင်ရွက်ပေးတဲ့ Spa ပါ။ အဓိကကတော့ The Body  Shop အမှတ်တံဆိပ် အလှပြင်ပစ္စည်း တစ်မျိုးတည်းကို သုံးပြီးဆောင်ရွက်ပေးတဲ့ Spa ပါ။
အဲဒီမှာ အဓိကဆောင်ရွက် ပေးတဲ့ ခန္ဓာကိုယ် Spa ရှစ်မျိုး လောက်ကို ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ မျက်နှာပိုင်း Facial Spa ကို ပြုလုပ်ပေးခြင်း မရှိပါဘူး။
ခန္ဓာကိုယ်ကြေးချွတ်၊ ပေါင်း တင်၊ ချွေးပေါက်ကျယ်များကို ပြန်လည်ပေါင်းတင်ပေးခြင်း၊ အဆီချပေးခြင်းတို့ကို ပြုလုပ်ပေးပါ တယ်။
ဈေးနှုန်းတွေကတော့ကျပ် ၂၀,၀၀၀ ကျော်ကနေ ၄၀,၀၀၀ ကျော်ဝန်းကျင်အထိ ရှိပါတယ်။ ထူးခြားချက်တော့ အလှပြုပြင်သူတွေက မိမိတို့ ၀ယ်ယူထား တဲ့ The Body Shop အမှတ်တံဆိပ်ဆေးများနဲ့ ပြုလုပ်ရင် ၅၀ ရာခိုင်နှုန်းကိုသာ ကျသင့်ငွေအဖြစ် ယူမှာဖြစ်ပါတယ်။
ဒါကြောင့် ပိတ်ရက်တွေမှာ မိုးတွေလည်း ဆက်တိုက်ရွာနေတာမို့ မိုးအေးအေးလေးနဲ့ အနားယူပြီး ခန္ဓာကိုယ်ပေါင်းတင်၊ ကြေးချွတ်၊ အနားယူနေနိုင်ဖို့အတွက် ရန်ကုန်မြို့တွင်းမှာရှိတဲ့Spa တွေကို ညွှန်ပြလိုက်ရပါတယ်။
ကဲ .. ဒီတစ်ပတ် မိုးရာသီ ပိတ်ရက်မှာ မိမိတို့ခန္ဓာကိုယ် လှပစေဖို့သင့်တော်ရာ Beauty Spaကိုသွားပြီး အနားယူရင်း အပြတ် သကြပါစို့။         ။
7days

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts