Friday, July 25, 2014

MCC နှင့် SAP ပူးပေါင်း၍ ပြည်တွင်း၌ လုပ်ငန်းပိုင်းဆိုင်ရာဆော့ဖ်ဝဲများ ဝန်ဆောင်မှုပေးမည် By


MCC နှင့် SAP ပူးပေါင်း၍ ဆော့ဖ်ဝဲများ ၀န်ဆောင်မှုပေးမည့်အကြောင်းရှင်းလင်းစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်တွင်းအိုင်စီတီကုမ္ပဏီအုပ်စု  တစ်ခုဖြစ်သော MCC Group သည်  ကမ္ဘာ့အကြီး ဆုံးဆော့ဖ်ဝဲကုမ္ပဏီကြီးသုံးခုထဲ မှ  တစ်ခုဖြစ်သည့် SAP နှင့်ပူး ပေါင်း၍ ပြည်တွင်းကုမ္ပဏီများ ၌ နိုင်ငံတကာကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော လုပ်ငန်းပိုင်းဆိုင်ရာ ဆော့ဖ်ဝဲများကို အသုံးပြုနိုင်ရန်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  ‘‘လက်ရှိမှာ လုပ်ငန်းရှင် တွေအနေနဲ့ လူ့စွမ်းအားအရင်း အမြစ် မလုံလောက်ခြင်း၊ ပြောင်း လဲနေတဲ့ နည်းပညာများကို လိုက် မမီခြင်းတို့ဖြစ်နေတဲ့အတွက် ပုံစံ အသစ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကျွန်တော်တို့ပူးပေါင်းပြီး  ဝန် ဆောင်မှုပေးသွားပါမယ်’’ဟု MCC Group  ဥက္ကဋ္ဌဦးတင်ဝင်းအောင်က ပြောသည်။
SAP သည် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများဖြစ်သည့် Micro-soft နှင့် Oracle တို့ကဲ့သို့ နိုင်ငံ တကာတွင် ဝန်ဆောင်မှုပေးနေ သော ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ် ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၃၀ တွင်ရှိသော ကုမ္ပဏီများကို လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ၎င်းတို့၏ ဆော့ဖ်ဝဲများနှင့် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။
 ‘‘နိုင်ငံတကာမှာရှိတဲ့ ကုမ္ပဏီကြီးတွေ အသုံးပြုနေတဲ့ ဆော့ဖ်ဝဲစနစ်ကို ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့အတွက် SAP နဲ့ပူးပေါင်းပြီးတော့ စတင်ဆောင်ရွက်ပေးသွားပါမယ်’’ဟု ဦးတင်ဝင်းအောင်က ပြောသည်။
  MCC Group အနေဖြင့် SAP နှင့် မပူးပေါင်းမီကတည်း က နိုင်ငံတကာထိပ်တန်းဆော့ဖ် ဝဲကုမ္ပဏီကြီးများဖြစ်သည့် Mi-crosoft, Oracle တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ယခုပူးပေါင်းမှုမှာ သုံးခုမြောက် နိုင်ငံတကာဆော့ဖ် ဝဲကုမ္ပဏီဖြစ်ကြောင်း သတင်းရရှိသည်။
7Days

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts