Wednesday, July 23, 2014

အမျိုးသားတွေလည်း လက်သည်းတွေကို ဂရုတစိုက် ညှပ်ရန်လို

အမျိုးသမီးတွေဟာ များသောအားဖြင့် လက်သည်းတွေကို ဂရုတစိုက် ညှပ်တတ်တာ၊ လက်သည်းကို ဂရုစိုက်ပြီး အလှဆင်၊ အလှပြင်တတ်တာ စတာတွေ လုပ်တတ်ပေမယ့် အမျိုးသားတွေကတော့
လက်သည်းရှည်လာပြီဆိုရင် တွေ့ရာ လက်သည်းညှပ်ယူပြီး ညှပ်ပစ်တတ်ကြပါတယ်။ အမှန်တော့ အမျိုးသမီးမှ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း လက်သည်းကျန်းမာရေးအတွက် တတ်နိုင်သလောက် ဂရုစိုက်ရမယ့်အချိန်ပါ။ ဒါဟာ အလှအပထက်စာရင် ကျန်းမာရေးအတွက်လို့ ပိုပြောနိုင်တာမို့ အိမ်မှာပဲ လက်သည်းမညှပ်ခင် ဘယ်လိုဂရုစိုက်ပေးလို့ရတယ် ဆိုတာလေး ပြောပြပေးချင်ပါတယ်။
၁။ လက်ကို hand wash နဲ့ သေချာဆေးကြောသန့်စင်ပါ။
လက်ကို တွေ့ရာဆပ်ပြာနဲ့ကောက်ဆေးမယ့်အစား လက်ဆေးဆပ်ပြာရည်သီးသန့်ထား ဆေးတာက ပိုသင့်တော်ပါတယ်။ ဒါဟာ လက်မှာကပ်ငြိနေတဲ့ ပိုးမွှားတွေကို သန့်စင်ပစ်လိုက်ရာရောက်သလို Hand Wash သီးသန့်ထုတ်ထားတာ မို့ လက်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်လည်း ရရှိမှာဖြစ်ပါတယ်။
၂။ လက်သည်းတွေ ပျော့ပျောင်းအောင် လုပ်ပါ။
လက်သည်းတွေ ပျော့ပျောင်းသွားမှသာ လက်သည်းညှပ်ရတာ၊ ပုံသွင်းရတာ အဆင်ပြေမှာပေါ့။ ဒီတော့ ရေနဲ့ဆပ်ပြာရည် နည်းနည်းရောစပ်ထားတဲ့ အရည်ထဲမှာ လက်ချောင်းလေးတွေကို စိမ်ထားပေးပါ။ ဆယ်မိနစ်လောက် စိမ်ထားနိုင်မယ်ဆိုရင်တော့  ဒါဟာ လက်သည်းပုံသွင်းဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏပါပဲ။
၃။လက်သည်းကို သန့်စင်ပါ။
လက်သည်းကြားမှ ဂျီးတွေ ကပ်မနေအောင် လက်သည်းကို သေချာ သန့်ရှင်းရေးလုပ်ပါ။
၎။လက်သည်းညှပ်ပါ။
ကောင်းမွန်တဲ့ လက်သည်းညှပ်နဲ့ လက်သည်းတွေကို လိုသလောက်ညှပ်ပါ။ ညှပ်တဲ့အခါ အရမ်းတိုသွားတဲ့အထိ မညှပ်လိုက်ပါနဲ့။ အနေတော်လောက်သာ ညှပ်ပါ။
၅။တံစဉ်းတိုက်ပေးပါ။
လက်သည်း ညှပ်ပြီးတဲ့အခါ လက်သည်းမှာ အချွန်၊ အစတွေ ကျန်မနေအောင် တံစဉ်းတိုက်ပေးပါ။
၆။moisturizer လိမ်းပေးပါ။
လက်သည်းကျန်းမာရေးအတွက် လက်လိမ်းဖို့ သီးသန့်ထုတ်ထားတဲ့ moisturizer တွေရှိပါတယ်။ အဲ့ဒါတွေ လိမ်းပေးဖို့လိုပါတယ်။
Ref:mensxp.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts