Wednesday, July 23, 2014

Samsung ၏ ၁၀၅ လက်မ curved 4K တီဗွီကို ဒေါ်လာ ၁၂၀,၀၀၀ ဖြင့် ရောင်းချမည်


လတ်စ်ဗီးဂတ်စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော CES ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည့် ကွေးညွှတ်ထားသော ၁၀၅ လက်မ 4K တီဗွီကို အမေရိကန်ဒေါ်လာ ၁၁၉,၉၉၉ ဖြင့် ရောင်းချမည်ဟု Samsung ကုမ္ပဏီက ကြေညာခဲ့သည်။


၁၀၅ လက်မ UN105S9W curved 4K တီဗွီသည် 5120x2160 resolution ဖြင့် ဖော်ပြပေးနိုင်ပြီး ကြိုတင်မှာယူသူများထံ ၁၂ ပတ်အတွင်း တင်ပို့ရောင်းချပေးမည်ဟု သိရသည်။

UN105S9W တွင် Samsung ၏ UHD Dimming and Precision Black ကို အသုံးပြုထားသောကြောင့် စစ်မှန်သည့် အနက်ရောင်များနှင့် တောက်ပသည့် အဖြူရောင်များဖြင့် ဖော်ပြပေးနိုင်မည်ဟု ဆိုသည်။ ထို့အပြင် Quad Screen mode ဖြင့် screen တစ်ခုပေါ်တွင် HDTV လေးခုကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

ကွေးညွှတ်ထားသည့် TV screen များကို၂၀၁၃ ခုနှစ်တွင် LG နှင့် Samsung တို့က OLED TV များဖြင့် ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း Samsung ၏ UN105S9W တွင် LED LCD နည်းပညာကို အသုံးပြုထားသည်။

Ref: CNET

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts