Friday, July 18, 2014

ဒီထက်ပိုပြီး ရေများများသောက်ဖြစ်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းများ

ရေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးဆိုတာ လူတိုင်းသိနေပေမယ့် ဆာမှရေထသောက်ကြတဲ့သူတွေပဲများပါတယ်။ ခုဖော်ပြထားတဲ့နည်လမ်းလေးတွေက သင်ရေသောက်နှုန်းပိုများစေနိုင်မယ့် အကြံကောင်းလေးတွေပဲဖြစ်ပါတယ်။
ကိုယ်နှစ်သက်တဲ့သစ်သီးမှုန့်နဲ့အတူဖျော်သောက်ပါ။
အနံ့အရသာ အရောင်မရှိတဲ့ရေအတိုင်း သောက်မယ်ဆိုရင်တော့ သင်ငြီးငွေ့သွားနိုင်ပါတယ်။ ဒါပေမယ့် သင်နှစ်သက်တဲ့ သစ်သီးအမှုန့်တွေနဲ့ရောဖျော်လိုက်မယ်ဆိုရင် သင်ဒီထက်ပိုပြီးသောက်နိုင်မှာ သေချာသလောက်ရှိပါတယ်။
ထမင်းပွဲမှာ အစပ်ပါတဲ့ဟင်းလျာအနည်းဆုံးတစ်ပွဲတော့ ပြင်ဆင်ထားပါ။
လျှာနဲ့အစပ်အရသာ ထိပြီဆိုတာနဲ့ သင်ရေပိုပြီးသောက်နိုင်ချေရှိပါတယ်။ ပြီးတော့ ငရုတ်သီးအစပ်တွေက သင့်အစာချေတဲ့စနစ်ကို ပိုပြီးမြှင့်တင်ပေးနိုင်တယ်လို့လည်း လေ့လာတွေ့ရှိထားကြပါတယ်။
လက်ကိုင်ဖုန်းရဲ့အကူအညီယူပါ။
သင့်လက်ကိုင်ဖုန်းမှာ ရေသောက်နှုန်းကိုချိန်ဆနိုင်တဲ့ Apps ကို သင်ထည့်သွင်းထားပါ။ ဖုန်းအချက်ပေးတဲ့အသံကြောင့် သင့်ရေအိုးစင်နားပိုကပ်မိမှာ သေချာပါတယ်။
အနားနားမှာ အမြဲထားပါ။
ကြုံမှ သောက်ဖို့ရေသွားရှာတာမျိုးမဟုတ်ပဲနဲ့ သင်ခရီးထွက်တိုင်း သို့မဟုတ် အပြင်သွားရင်၊ အလုပ်သွားရင် ရေဗူးဆောင်သွားတဲ့အလေ့အထကို လေ့ကျင့်နိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သောက်ဖို့ရေပြင်ဆင်ထားပါ။
အားကစားရုံ၊ Gymမှာဆော့နေတဲ့ အချိန်တွေမှာ ကိုယ်တိုင်သောက်ဖို့ရေ ကြိုတင်ပြင်ဆင်ထားပါ။ သင်ချွေးထွက်ပြီဆိုတာနဲ့ ရေမြင်တိုင်းသောက်ချင်စိတ်တဖွားဖွား ဖြစ်လာလိမ့်မယ်။
ရေများတဲ့အစားအစာတွေကို စားပါ။
ရေမသောက်ရင်တောင်မှ ရေဓါတ်များများပါတဲ့ သခွားသီး၊ ဖရဲသီး၊ တရုတ်နံနံ သို့မဟုတ် အရေကျဲတဲ့စွပ်ပြုတ်တွေကို စားနိုင်ပါတယ်။
ကိုယ်အလေးချိန်လျော့သွားအောင် ကူညီပေးနိုင်ပါတယ်ပါ။
ထမင်းမစားခင်မှာ ရေတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် သင့်ကိုယ်အလေးချိန်လျော့သွားအောင် ကူညီပေးနိုင်ပါတယ်။ ရေသောက်ခြင်းဟာ ဗိုက်ပြည့်စေတဲ့အတွက် ပိုပြီးအစားအသောက်နည်းသွားစေနိုင်ပါတယ်။
Ref:womenshealthmag.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts