Friday, July 18, 2014

Samsung Galaxy K Zoom ရဲ့ 20.7 megapixels ကင်မရာ

လူပြောသူပြောများနေတဲ့ Samsung Galaxy K Zoom ကတော့ အားလုံးရှေ့မှောက် ရောက်ရှိလာခဲ့ပြီ။ ဒီ ဖုန်းကို Amazon.com အင်တာနက်ဝက်ဘ်ဆိုဒ်ပေါ်ကနေ တဆင့်လည်း Rs 29,999 ဈေးနှုန်းနဲ့ ရောင်းချထားပါတယ်။ မျက်နှာပြင်ကတော့ 4.8-inch Super AMOLED HD display နဲ့ ဗားရှင်းပိုင်းကတော့ Android 4.4 KitKat version ဖြစ်ပါတယ်။ နောက်ပြီး စက်ရဲ့စွမ်းဆောင်ရည်က သာမန်ထက် စွမ်းဆောင်ရည်ခြောက်ဆ ပိုမိုမြင့်မားပြီး  RAM 2GB ပါရှိကာ 8GB အထိ ထပ်တိုးလို့လည်း ရပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေ အားလုံးထဲမှာတော့ ဒီဖုန်းရဲ့ 20.7megapixels ကင်မရာကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပေါ့။
20.7 megapixels က မလုံလောက်သေးဘူးဆိုရင် K Zoom ကင်မရာကို Android ဖုန်းတွေထဲကအခုအချိန်ထိအောင်အမြင့်ဆုံးအဖြစ်ရပ်နေတဲ့ 10X optical zoom ပါဝင်တပ်ဆင်ထားပါသေးတယ်။
24-240mm မှန်ဘီလူး နဲ့အတူ f/3.1  ကနေ f/6.3 ထိ ရှိ ကင်မရာမီးဟာ ကြည်လင်ပြတ်သားမှုရှိတဲ့ရုပ်ထွက်ကို ရရှိစေမှာဖြစ်တယ်။ AF အကူအညီဖြင့် LED Xenon flash ကို ရရှိနိုင်တာကြောင့် မှိန်ဖျဖျ အလင်းရောင်ဓါတ်ပုံတွေအတွက်လည်း ရိုက်ကူးနိုင်ပါတယ်။
Camera Studio 2.0 လို့ခေါ်သည့် function များစွာကိုဆောင်ရွက်နိုင်တဲ့ photo editing app လည်းပါဝင်ပါတယ်။ အဲဒီ app ကနေ ဓါတ်ပုံတွေပြုပြင်ဖို့သာမက အင်တာနက်ပေါ်သို့တိုက် share လို့လည်းရနိုင်ပါတယ်။
K4 recording တော့မရှိပါဘူး။ အဟုတ်ပါ။ Samsung က  Galaxy K Zoom မှာ 4K recording ထည့်သွင်းမထားတာတော့ အထူးအစမ်းပါပဲ။ ကင်မရာ ကနေ ထွက်တဲ့ အမြင့်ဆုံး video resolution ကတော့ 1080 at 60fps ဖြစ်ပါတယ်။
Ref:mensxp.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts