ပိုမိုခိုင်မြဲအောင် ကြိုးစားခြင်းတစ်မျိုးပေါ့။ ဘယ်လိုလက်ဆောင်လေးတွေက အနေဝေးနေတဲ့ ချစ်သူတွေအတွက် သင့်တော်ကောင်းမွန်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အီးမေးလ်တွေကို ပရင့်ထုတ် စာအုပ်လုပ်ပြီး ပို့ပေးပါ။
တစ်ဦးနဲ့တစ်ဦး
ဘယ်လောက်လွမ်းကြောင်း၊ ဘယ်လောက်လိုအပ်ကြောင်း ရေးပို့ထားတဲ့
ကိုယ့်ချစ်သူရဲ့ အီးမေးလ်တွေ၊ ကိုယ့်ရဲ့မေးလ်တွေကို ပရင့်ထုတ်ပြီး
စာအုပ်လေးတစ်အုပ်လုပ်ပါ။ အဲ့ဒီမှာ ကိုယ်ကြိုက်တဲ့
နှစ်ယောက်သားအတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကပ်ပါ။ ပြီးတာနဲ့ စာအုပ်လေးကို
ကိုယ့်ချစ်သူဆီ ပို့ပေးလိုက်ပါ။ ဒါဆို သင်သူ့ကို ဘယ်လောက်အလေးထားကြောင်း
သူသိသွားမှာ သေချာတယ်လေ။
၂။Countdown နာရီလေးတစ်လုံး ပို့ပေးပါ။
ခုချိန်မှာ
ချစ်သူတစ်ဦးနဲ့တစ်ဦး countdown နာရီလေးတွေ ပို့ပေးတဲ့ အလေ့အထဟာ
တော်တော်လေး ခေတ်စားနေပါပြီ။ ကိုယ့်နဲ့အတူ ပြန်ဆုံရမယ့် အချိန်ကို
ကိုယ့်ဘက်က အတိအကျတွက်ပြီး နာရီမှာ alarm ပေးသလိုမျိုး countdown လုပ်ပြီး
သူ့ကို ပို့ပေးလိုက်ပါ။ နာရီလေးဟာ သူနဲ့ကိုယ် ပြန်ဆုံမယ့်အချိန်ကို
တစ်ဖြည်းဖြည်း ညွှန်ပြပေးရင်း ရင်ခုန်ဖွယ်ရာဖြစ်စေပါလိမ့်မယ်။
၃။ကျောက်မျက်ရတနာ တစ်မျိုးမျိုး ပို့ပေးပါ။
ကိုယ့်ချစ်သူက
ဘယ်လိုလက်ဝတ်ရတနာကို ကြိုက်တတ်လဲဆိုတာ ကိုယ်သာ အသိဆုံးပါ။ ဒီတော့
သူကြိုက်တတ်တဲ့ လက်ဝတ်ရတနာ တစ်မျိုးမျိုးကို လက်ဆောင်ပေးခြင်းကလည်း
ဘယ်တော့မှ ရိုးစင်းမသွားမယ့် အိုင်ဒီယာတစ်ခုပါပဲ။
၎။သူမ ကြိုက်တဲ့ မင်းသားပုံလေးတွေ စုပေးထားပါ။
ကိုယ့်ချစ်သူကောင်မလေး
ကြိုက်တဲ့ မင်းသားပုံတွေ ဒေါင်းလုတ်ဆွဲထားပြီး သိမ်းထားပေးတာမျိုး၊
ဟာသအနေနဲ့ အဲ့ဒီမင်းသားရဲ့ မျက်နှာမှာ ကိုယ့်မျက်နှာကို photoshop
နဲ့ပြောင်းတပ်ပြီး ရယ်စရာကောင်းအောင် လုပ်ပေးတာမျိုးလေးတွေကလည်း
ပျော်ရွှင်စရာလည်းကောင်း၊ အမှတ်တရလည်းဖြစ်မယ့် လက်ဆောင်လေးတွေပါပဲ။
၅။သူနဲ့ကိုယ့်အကြောင်း စာအုပ်လေး ဖန်တီးပြီး ပို့ပေးပါ။
နံပါတ်(၁)မှာ
ဖော်ပြထားသလိုပါပဲ။ ဒါပေမယ့် ဒီအချက်မှာတော့ စာအုပ်အကြီးတစ်အုပ် ၀ယ်ပါ။
ဘယ်နေ့မှာ ဘယ်လိုနှစ်ဦးသားဆုံခဲ့ကြတယ်။ ရည်းစားဖြစ်တယ်။ စသဖြင့်
အမှတ်တရနေ့စွဲလေးတွေကို ကိုယ်ကြိုက်တဲ့ပုံလေးတွေ၊ စတစ်ကာလေးတွေ၊
ကာတွန်းရုပ်လေးတွေနဲ့ သေချာဖန်တီးပြီး စာအုပ်လေးကို ကိုယ့်ချစ်သူထံ
ပို့ပေးလိုက်ပါ။ ဒါဟာ ဘယ်တော့မှ ဟောင်းမသွားပဲ ရိုမန်တစ်ဖြစ်လွန်းတဲ့
လက်ဆောင်မျိုးဆိုတာ မမေ့ပါနဲ့။mensxp.com
Trend
No comments:
Post a Comment