Monday, July 28, 2014

ကိုယ့်ချစ်သူကောင်မလေးကို ယုံကြည်ပေးခြင်းဟာ သင့်ရဲ့အချစ်ရေးမှာ ထင်တာထက် ပိုအရေးပါ



ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ပဲ ချစ်ကြပါစေ။ သင်တို့ရဲ့ဆက်ဆံရေးမှာ ယုံကြည်မှုဆိုတာ မရှိရင် ရေရှည်လက်တွဲသွားနိုင်ဖို့ ဘယ်လိုမှ မျှော်လင့်လို့မရပါဘူး။ ဒီလိုပဲ ကိုယ်က ချစ်ရဲ့သားနဲ့ ကိုယ့်ချစ်သူကို ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ လိုက်ကြပ်နေမယ်၊ ဟိုမသွားရ၊ ဒါမ၀တ်ရဆိုပြီး စည်းမျဉ်းထုတ်တာမျိုးတောင် မဟုတ်တော့ပဲ သူပြောသမျှကိုတောင် ကိုယ့်ဘက်က ယုံကြည်မှုမရှိတော့ဘူး၊
အကြောင်းမဲ့ ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင်တော့ ကြာရှည်မှာ ဒီလိုစုံတွဲမျိုးဟာ လမ်းခွဲကြရမှာ မလွဲမသွေပါပဲ။ အထူးသဖြင့် အမျိုးသားတွေဟာ ကိုယ့်ချစ်သူ ကောင်မလေးကို နည်းမှန်လမ်းမှန် ချစ်တတ်ကြစေဖို့နဲ့ သူမကို ယုံကြည်မှု ရှိတယ် ဆိုတာ ပြသနိုင်မယ်ဆိုရင် နှစ်ဦးသားရဲ့အချစ်ရေးဟာ အရင်ထက်ပိုမို လန်းဆန်း သစ်လွင်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဒီအချက်ကလေးတွေအတိုင်း သင့်ချစ်သူကောင်မလေးကို ယုံကြည်မှုရှိရှိ ချစ်တယ်ဆိုတာ အသိပေးလိုက်ပါ။
၁။တစ်ဦးနဲ့တစ်ဦး အမြဲတမ်း ဆက်သွယ်နေပါ။
ချစ်သူနှစ်ဦး ဘာအကြောင်းနဲ့မှ အဆက်အသွယ်ပြတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ ဒါဟာ အရေးကြီးဆုံးတွေထဲက တစ်ချက်ပါ။ သင့်စိတ်ထဲဖြစ်နေတာတွေ၊ ရှိနေတာတွေကို သူမကို အမြဲဖွင့်ဟပါ။ တိုင်ပင်ပါ။ ခုလို ဆက်သွယ်နေခြင်း၊ သင့်စိတ်ထဲက အရာအားလုံးကို ဝေမျှခြင်း အရာအားလုံးဟာ သူမကို ဘယ်လောက်အလေးထားတယ်၊ ယုံကြည်တယ်ဆိုတာ ပြသခြင်း တစ်မျိုးပါပဲ။
၂။တစ်ခုခုဆို အလွယ်တကူ သံသယ၀င်တတ်တဲ့ အကျင့်ကို ပြင်ပါ။
ကိုယ်က သူမမတိုင်ခင် ထားခဲ့ဖူးတဲ့ ရည်းစားတွေကြောင့် လူတွေကို အလွယ်တကူ မယုံကြည်တတ်တော့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူကို ကိုယ်ကမှ မယုံကြည်ဘူးဆို၇င် သူမဘေးမှာ ဘယ်သူကများ ရှိနေဦးမှာလဲ။ သံသယဖြစ်တတ်တဲ့ အကျင့်တွေကို ပြင်ပါ။ အထူးသဖြင့် တစ်ခုခုကို သိလိုက်၊ ကြားလိုက်တာနဲ့ ကိုယ့်စိတ်ကူးနဲ့ ဒီလိုဖြစ်နေပြီလား မသိဘူးဆိုပြီး လျှောက်မတွေးပါနဲ့။ မဟုတ်တာတွေကို အဟုတ်လုပ်ပြီးတော့လည်း စိတ်ကူးမကြည့်ပါနဲ့။ အချစ်ရေးဟာ ရှုပ်ထွေးတယ်လို့ ခံယူထားရင်တောင် ကိုယ့်ချစ်သူကိုတော့ သံသယကင်းကင်းနဲ့ ချစ်တတ်ဖို့ လိုပါတယ်။
၃။သူ့ဘ၀ထဲ လှမ်းဝင်နိုင်အောင် ကြိုးစားပါ။
သူမနဲ့ ထဲထဲဝင်ဝင် ပိုမိုပတ်သက်လာနိုင်အောင် ကြိုးစားပါ။ သူမနဲ့ ပတ်သက်တဲ့သူတွေ အားလုံးကို ကိုယ်အနေနဲ့လည်း သိထားသင့်ပါတယ်။ သူမရဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေနဲ့ ကိုယ် ပိုခင်မင်ရင်းနှီးလာအောင် ကြိုးစားသင့်ပါတယ်။ သတိထားရမယ့်အချက်က အတင်းကြီး ၀င်ရောတာမျိုးတော့ မဖြစ်ပါစေနဲ့။
၎။အတိတ်က အကြောင်းအရာတွေနဲ့ နှစ်ဦးစလုံး စိတ်ဒုက္ခရောက်ရမယ့် ကိစ္စမျိုးတွေ မပြောပါနဲ့တော့။
လက်ရှိကိုယ်နဲ့ချစ်နေတဲ့ ချစ်သူကို အရင်အကြောင်းတွေ ပြန်ပြောပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိပါစေနဲ့။ သူကလည်း အရင်တစ်ယောက်နဲ့ ပြန်အီနေတာမျိုးမဟုတ်သလို ကိုယ်ကလည်း လက်ရှိကိုယ့်ချစ်သူကိုသာ ချစ်ခင်နေတာမျိုး ဖြစ်တာကြောင့် ကိုယ်နဲ့မပတ်သက်ခင်တုန်းက ဖြစ်ခဲ့တဲ့ သူမရဲ့အတိတ်ကို ပြန်ပြောအပြစ်တင်တာမျိုးတွေ မဖြစ်သင့်ပါဘူး။ ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအရာကို နှစ်ဦးကြားခိုင်မြဲစွာ တည်ဆောက်နိုင်ပြီဆိုရင်တော့ တစ်ဘ၀လုံး သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်ပြီဆိုတာ အသေအချာပါပဲ။
Ref:mensxp.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts