ကိုယ်က
ညအိပ်ရာဝင်တဲ့အခါ တော်တော်နဲ့ အိပ်မပျော်တတ်ဘူး။ မျက်စိကြောင်နေတဲ့အခါ
ကိုယ်ဘာတွေ စားထားသလဲ၊ ဒါမှမဟုတ် နေ့ခင်းဘက် အကြာကြီးအိပ်ထားသလား စသဖြင့်
စဉ်းစားရတဲ့အပိုင်းတွေ ရှိလာပြီပေါ့။ ကိုယ်စားလိုက် တဲ့ အစားအသောက်ကလည်း
ကိုယ့်မျက်လုံးတွေ ပြူးကြောင်နေစေနိုင်တာမို့ ဘယ်လိုအစားအစာမျိုးတွေက
အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသလဲဆိုတာ ကြည့်ရအောင်။
ကော်ဖီသောက်ရင် အိပ်မပျော်ပဲ နေမယ်လို့ သတိပေးတာ ကြားဖူးမှာပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီဟာ သင့်မျက်လုံးတွေကို ပြူးကျယ်နေစေမှာမို့ ကော်ဖီမှမဟုတ်ပါဘူး။ ကဖင်းဓာတ်ပါတဲ့ အခြားအစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ သောက်ချင်တယ်ဆို၇င်တော့ အိပ်ချိန်နဲ့ ၈နာရီခြားပြီး သောက်ဖို့ လိုပါလိမ့်မယ်။
Ref:womenshealthmag.com
ကော်ဖီ
ကော်ဖီသောက်ရင် အိပ်မပျော်ပဲ နေမယ်လို့ သတိပေးတာ ကြားဖူးမှာပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီဟာ သင့်မျက်လုံးတွေကို ပြူးကျယ်နေစေမှာမို့ ကော်ဖီမှမဟုတ်ပါဘူး။ ကဖင်းဓာတ်ပါတဲ့ အခြားအစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ သောက်ချင်တယ်ဆို၇င်တော့ အိပ်ချိန်နဲ့ ၈နာရီခြားပြီး သောက်ဖို့ လိုပါလိမ့်မယ်။
အရက်
အရက်လေးတစ်ခွက်လောက်
ကစ်လိုက်ရင်၊ ဒါမှမဟုတ် ၀ိုင်လေးဘာလေး သောက်လိုက်ရင် လွယ်လွယ်ကူကူ
အိပ်ပျော်တယ်လို့ ထင်နေကြတာ တကယ်တော့မှားပါတယ်။ အိပ်ပျော်သွားရင်တောင်
ခဏပါပဲ။ ပြီးတဲ့နောက်မှာတော့ ညတစ်ညလုံး မကြာခဏဆိုသလို အိပ်လိုက်၊ နိုးလိုက်
ဖြစ်နေပါလိမ့်မယ်။ သောက်ချင်တယ်ဆိုရင်တော့ အိပ်ချိန်နဲ့
နှစ်နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။ သောက်တဲ့အခါမှာလည်း
အလွန်အကျွံမသောက်သင့်ပါဘူး။
အရည်တစ်မျိုးမျိုး
ရေတွေ
စွတ်သောက်ထားမယ်၊ ဒါမှမဟုတ် ဖျော်ရည်တွေ သောက်ထားတာမျိုးကတော့ သင့်ကို
အိပ်ပျော်သွားစေမယ်ဆိုရင်တော့ ညသန်းခေါင်အပေါ့ထသွားရတာမျိုးကြောင့်
ပြန်အိပ်တဲ့အခါ အခက်အခဲဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
အသားကင်၊ ငါးကင်
အမိုင်နိုအက်ဆစ်ဓာတ်များတဲ့
အစားအစာတွေဖြစ်တဲ့ ဒိန်ခဲ၊ အသားကင်၊ ငါးကင်လို အစားအသောက်မျိုးတွေကလည်း
သင့်မျက်လုံးကို ပြူးကျယ်စေတယ်ဆိုတာ မယုံမရှိပါနဲ့။
ခရမ်းချဉ်သီးနဲ့ပြုလုပ်တဲ့ အစားအစာများ
အက်ဆစ်ဓာတ်များတဲ့
အစားအစာတွေဟာ သင့်ကို အိပ်ချင်စိတ်လုံးဝမရှိအောင် နှောင့်ယှက်နိုင်ပါတယ်။
ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ၊ ဒါ့အပြင် အပူအစပ်များတဲ့
အစားအသောက်တွေဟာ အိပ်စက်ခြင်းရဲ့ ရန်သူတွေပါပဲ။Ref:womenshealthmag.com
No comments:
Post a Comment