Friday, July 18, 2014

အရက်ကြောင့် အရွယ်ရောက်ပြီး လူကြီး၁၀ဦးမှာ ၁ဦးအသက်ဆုံးရှုံး

သောက်ထားတဲ့ ယမကာဘယ်လောက်ရှိနေပြီ တွက်ကြည့်ဖူးကြလား။ ကျောင်းဆင်းပွဲ၊ သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲ၊ ပါတီ တွေမှာ သောက်ခဲ့တဲ့ အချိုးအစတွေအားလုံး ရေတွက်မယ်ဆိုရင်တော့ မနည်းမနောပါပဲ။ အသက် ၂၀ မှ ၆၄အရွယ်ထိ လူကြီးတွေ ၁၀%အသက်ဆုံးရှုံးမှုဟာ ဒီအရက်တွေကြောင့်ပဲဖြစ်ကြောင်း ရောဂါထိန်းသိမ်းခြင်းနဲ့ ကာကွယ်ခြင်းစင်တာမှ အစီရင်ခံစာအရ သိရှိခဲ့ပါတယ်။
ဒီလိုပြောလိုက်တာနဲ့ အရက်သောက်ပြီး သေသွားတာမျိုးကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ အရက်ကြောင့် ဖြစ်လာတဲ့ရောဂါ၊ ဘေးအန္တရာယ်တွေ အပါအဝင်ပေါ့။ အရက်မူးလာပြီဆိုရင် ကားအက်ဆီးဒင့်၊ ရန်ပွဲ၊ အရက်အဆိပ်မိခြင်း အစရှိတဲ့ အန္တရာယ်များစွာ ချက်ချင်းပဲ ကျရောက်လာနိုင်ပါတယ်။ အဲ့ဒီနောက် ရေရှည်ခံစားနိုင်တဲ့ ရင်သားကင်ဆာ၊ နှလုံးရောဂါ၊ အသည်းရောဂါ အစရှိတဲ့ အရက်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါများစွာရှိပါတယ်။ ဒီလိုနဲ့ နှစ်စဉ် လူသန်းနဲ့ ချီပြီး အသက်ဆုံးရှုံးကြပါတယ်။
ဖြစ်လာနိုင်တဲ့ရောဂါတွေကို ကြိုတင် မကာကွယ်ထားနိုင်ရင်တောင်မှပဲ အမှတ်မထင် ဖြစ်လာနိုင်တဲ့ အက်စီးဒင့်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဥပမာ- မူးနေပြီဆိုရင် ကားအောက်မှာ လှဲမအိပ်ဖို့၊ ကိုယ်ဝန်ဆောင်စဉ် အရက်မသောက်ဖို့၊ ရန်မဖြစ်ဖို့၊ ကားမမောင်းဖို့… အစရှိတဲ့ ကိုယ်တိုင်ရှောင်လို့ ရတဲ့ပြဿနာတွေကို သင်အနေနဲ့ သတိထားရမှာပဲဖြစ်ပါတယ်။ အပြင်မှာထွက်သောက်မယ်ဆိုရင်တော့ မူးပြီး အိမ်ဘယ်လိုပြန်မလဲဆိုတာကို ကြိုတင်အစီအစဉ် ချမှတ်ပြီးမှသာ စတင် သောက်စားသင့်ပါတယ်။
Ref:womenshealthmag.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts