Friday, July 18, 2014

ဂျာမန်ဒီဇိုင်နာတွေရဲ့အသက်ဝင်လှတဲ့ စီလီကွန်လက်ချောင်းတု

လျှက်တပြတ်ကြည့်လိုက်ရင်တော့ သာမန်လက်တစ်ချောင်းလို့ ထင်ရပါတယ်။ အသေအချာ စူးစိုက်ကြည့်လိုက်မှ လက်မနေရာအတွက် ဖန်တီးထားတဲ့ လက်ချောင်းလေးဆိုတာ သိရတယ်။
ဂျာမန်ကုမ္ပဏီတစ်ခုက စီလီကွန် အသုံးပြု ပြီး ပြုလုပ်ထားတဲ့ လက်ရာလေးတစ်ခုဖြစ်ပါတယ်။ ဒ်ီကုမ္ပဏီဟာ လက်ချောင်းလေးတွေ၊ လက်တွေ၊ ခြေမတွေ၊ ခြေဖ၀ါးတွေ နဲ့ ခြေထောက်တွေ မရှိတော့သူတွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေအလိုက် အဆင်ပြေမှုရှိအောင် ရည်ရွယ်ပြုလုပ်ထားတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အထူးထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
အဲဒီလက်ရာဟာ ဒီဇိုင်းနာ Alex Stamos နဲ့ Christoph Braun တို့နှစ်ဦးကနေ သူတို့ ကိုယ်ပိုင်စိတ်ကူးနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းတွေရဲ့ နောက်ကွယ်အကြောင်းတရားက စီလီကွန်အသုံးပြုပြီးဖန်တီးထားတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်း အနုပညာလက်ရာဖန်တီးပြုလုပ်ခြင်းဖြစ်ပါတယ် လို့ Mr. Braun ကပြောပါတယ်။
သူ့ရဲ့လုပ်ဖော်ကိုင်ဖက်က ဒီအလုပ်ကို လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူနဲ့ ကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမှ  တွဲလုပ်ဖြစ်လာတာပါ လို့လည်း ဆိုပါတယ်။
ဒီအလုပ်မှာ လုပ်သက်အတွေ့အကြုံ ၁၈ နှစ် ရှိပြီဖြစ်တဲ့ Mr. Braun ပြောတာတော့ အရင်ဆုံး တစ်ယောက်ချင်းစီမှာ အရည်အချင်းဖြစ်ပေါ်လာတာပါ။  လူတိုင်းရဲ့ လိုအပ်ချက် တစ်ယောက်တစ်မျိုးစီရှိကြတယ်။ ဒါကြောင့်မို့ အဲအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ Alex က စီလီကွန်လုပ်ရတဲ့ အပိုင်းကို တာဝန်ယူပြီး ကျွန်တော်ကကျတော့ လက်အိတ်အတွင်းပိုင်းကိုပြုလုပ်ပါတယ်။
ကျွန်တော်တို့ ကိုယ်ပိုင်အလုပ်ကို  ပြီးခဲ့တဲ့ ခြောက်နှစ်က ဂျာမနီနိုင်ငံ Dresden တွင် စတင်ခဲ့တာပါ။ ထူးခြားကောင်းမွန်အောင်ပြုလုပ်ဖို့ စဉ်းစားထားပါတယ်။ ဒီလက်လုပ်ခန္ဓာကိုယ်အပိုင်းအစတစ်ခု ဟောင်းနွမ်းပြီး ကြည့်မကောင်းမဖြစ်အောင် လူတွေကိုပြသချင်တာဖြစ်တယ်။ လူနာတွေ စိတ်ပျော်ရွှင်မှုပေးချင်တယ်။ သူတို့အတွက် ဒီဆုံးရှုံးမှုမျိုးက မကောင်းပါဘူး။ သူတို့အတွက် အဆင်ပြေအောင်လုပ်ပေးနိုင်တယ်ဆိုရင် အားလုံးအတွက်လည်းကောင်းတယ်။
အပိုင်းအစတစ်ခုချင်းစီကို တစ်ယောက်ချင်းစီအတွက် အသားအရောင်နဲ့ ကိုက်ညီမှုရှိအောင် နှင့် အတတ်နိုင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ဒီဇိုင်းထုတ်ချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုနဲ့တစ်ခု ပြုလုပ်တဲ့အခါ ကြန့်ကြာတဲ့အချိန်လည်း ကွာခြားပါတယ်။ လက်မ အသေးစားလေးတစ်ခုလောက် လုပ်မယ်ဆိုရင်တော့ ၁ ရက် ၂ ရက် နဲ့ အပြီးလုပ်နိုင်တယ်လို့ MailOnline မှာ ပြောပြသွားပါတယ်။
ဒါပေမဲ့ လက်မောင်းတစ်ခုလုံး (သို့) ခြေထောက်တစ်ခုလုံးအတွက် စီလီကွန်အရေပြားအဖုံးအအုပ်ကို လုပ်မယ်ဆိုရင်တော့ အနည်းဆုံးတစ်ပတ်နဲ့ အထက်ကြာတယ်။
အငုတ်ရဲ့ အသွင်အပြင်၊ အတိမ်အနက်၊ အနာကျက်မကျက် နဲ့ လူနာတွေရဲ့ စိတ်ဆန္ဒ ပေါ်မှာလည်းမူတည်တယ်။ အခိုင်းလက် chemical ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ လက်သည်း၊ခြေသည်းတွေကြောင့် အစိတ်အပိုင်းတစ်ခုချင်းစီကို ထူးခြားကောင်းမွန်စေပြီး  အလှပြင်ဆိုင်တွေမှာ အသုံးပြုတဲ့ လက်သည်းတုပြုလုပ်တဲ့ ပစ္စည်းအမျိုးအစားမျိုးကိုလည်း အသုံးပြုထားပါတယ်။ တကယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအတိုင်း ရှိနေပေမဲ့ အလုပ်အလုပ်တဲ့ အပိုင်းမှာတော့ ကွာဟမှုရှိပါတယ် လို့ Mr. Braun ၀င်ခံခဲ့ပါတယ်။
ဒါပေမဲ့ လူတွေအတွက် တစ်နေ့တစ်နေ့ နေထိုင်ရတဲ့ဘ၀မှာ သာမန်အနေအထားဖြစ်စေပြီး မြူးဇစ်သမားတွေအတွက်ဆိုရင် သာမန်အတိုင်း ဆက်လက် တီးခတ်လို့ရစေပါတယ် လို့သူကဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းပေါ်မူတည်ပြီး ပေါင် ၁၄၆၀ ကနေ ၅၀၀၀ အထိရှိပါတယ်။
Ref:dailymail.co.uk
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts