အွန်လိုင်းမှတစ်ဆင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သင်တန်းများကို
အခမဲ့လေ့လာပြီး စာမေးပွဲဖြေဆို၍ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရယူနိုင်မည့်
အွန်လိုင်း Univer-sity ၀က်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားကြောင်း သတင်းရရှိသည်။
Energy University အမည်ဖြင့် အွန်လိုင်းမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သင်ခန်းစာပေါင်း ၂၀၀ ကျော်ကို လေ့လာနိုင်သည်။ နိုင်ငံတကာအင်ဂျင်နီယာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ အသိအမှတ်ပြုထားသည့် သင်ခန်းစာများဖြစ်ပြီး စိတ်ဝင်စားသူတိုင်း အခမဲ့လေ့လာနိုင်ကြောင်း အဆိုပါ ၀က်ဘ်ဆိုက်ဆောင်ရွက်ထားသည့် Schneider Electric မြန်မာမှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်ဇော်အောင်ကပြောသည်။
‘‘Energy University က လုပ်ထားတာကြာပါပြီ။ Sch-neider Electric ဘယ်နိုင်ငံပဲဝင်ဝင် ကိုယ့်ဘာသာလေ့လာလို့ရအောင် လုပ်ထားတာပါ။ စိတ်ဝင်စားတဲ့သူတိုင်းက သင်တန်းသဘောမျိုး ကိုယ်အားတဲ့အချိန် လေ့လာလို့ရတယ်။ လေ့လာပြီး အဲဒီထဲမှာ Test တွေရှိတယ်။ အဲဒီ Test တွေ ဖြေလို့အောင်ရင်လည်း နိုင်ငံတကာ အသိအမှတ်ပြုတဲ့ Certificate ရမှာပါ’’ဟု ကိုဇော်ဇော်အောင်ကပြောသည်။
အင်ဂျင်နီယာအဖွဲ့အစည်း ၁၈ ခုကျော် ပူးပေါင်းဆောင်ရွက်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုသည့် Certificate ရရှိမည်ဖြစ်၍ စာမေးပွဲအောင်မြင်ပါက အွန်လိုင်းမှပင် တစ်ပါတည်း အသိအမှတ်ပြုလက်မှတ်(Certi-ficate) ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် www.schneiderelectric. com ၏ Training မှတစ်ဆင့် Energy University သို့ ၀င်ရောက်ကြည့်ရှုပြီး မိမိစိတ်ကြိုက် သင်ခန်းစာများကို အခမဲ့လေ့လာ၍ စာမေးပွဲများဖြေဆိုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Days Daily

No comments:
Post a Comment