ပုံကို
ကြည့်လိုက်ရင်တော့ Justin Bieber နဲ့ Selena Gomez တို့ရဲ့ ဆက်ဆံရေးက
အဆုံးသတ်သွားသလို ထင်မှတ်စရာရှိပါတယ်။ Justin က မော်ဒယ်လ်မင်းသမီး Yovana
Ventura နဲ့ ရင်းရင်းနှီးနှီး တွဲရိုက်ထားတဲ့ ဓါတ်ပုံများစွာကို
တင်ထားပါတယ်။ ပုံတစ်ခုမှာ သူ Keyboard တီးနေစဉ် Ventura က “Confident”
တေးဆိုရှင်ရဲ့ လက်မောင်းကို ဖက်ထားပါတယ်။
Yovana ဟာ အင်္ဂါနေ့မှာ Justin နဲ့အတူ Los Angeles
စားသောက်ဆိုင်တစ်ခုရောက်ရှိခဲ့ပြီး ပေါ့ပ်အဆိုတော်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ Yovanna ဟာ အဲဒီညက ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို “Sweetest guy ever” စာတမ်းရေးပြီး instagram မှာ ပုံနှစ်ပုံ တင်လိုက်ပါတယ်။
သူတို့နှစ်ယောက်စလုံး မေလမှာ ပထမအကြိမ်ပြန် ဆုံဖူးကြတာ ဖြစ်ပါတယ်။ နောက်တစ်လ အကြာမှာတော့ Justin Bieber က “I See You In That Dolce Dress . Glad u had fun.:)” စာကြောင်းလေးနဲ့အတူ Yovanna ရဲ့ဓါတ်ပုံတစ်ခုကို instagram မှာ တင်လိုက်ပါ တယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Justin နှင့် Selena တို့နှစ်ယောက် အတော့်ကိုပြန်လည် အဆင်ပြေသွားတဲ့ အနေအထားမှာ တွေ့ရ တာကြောင့် Selena ကို အားပေးတဲ့ ပရိတ်သတ်တွေ အနည်းငယ်တော့ ခေါင်းရှုပ်သွားနိုင်ပါတယ်။ သူတို့နှစ်ဦးကို သမ္မာကျမ်းစာသင်တန်း ၊ ရုပ်ရုင်ရုံ နှင့် တိရိစ္ဆာန်ရုံတွေမှာအတူ တွဲလျက် သွားလာ နေကြတာတွေ တွေ့ရှိရပါတယ်။
သူမရဲ့ဓါတ်ပုံတွေ၊ ပရိတ်သတ်တွေဆီက ပေးပို့ထားတဲ့ အားပေးစကားတွေ ထည့်ထားတဲ့ ဗီဒီယိုခွေတွေ နှင့် အမည်မသိသူတစ်ယောက် ပေးပို့တဲ့ “ I just wanna give you a hug and remind you how special you are” ဆိုတဲ့ စာတစ်ခုကို တင်ပြီး Selena က အင်္ဂါနေ့မှာပဲ သူမကိုယ်သူမ အများသိအောင် ထုတ်ဖော်ခဲ့ပါတယ်။
Source: http://www.mtv.com

No comments:
Post a Comment