Saturday, July 5, 2014

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ MCPA Day နှင့် Career Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ IT လူ့စွမ်းအား အရင်းအမြစ်များ နှင့် IT Industry ရှိကုမ္ပဏီများကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ MCPA Day ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်တွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

MCPA Day နေ့တွင် IT နည်းပညာကို အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျှက်ရှိသော ICT လူ့စွမ်းအား အရင်းအမြစ်များကို ခေါ်ယူခန့်ထားနိုင်စေရန် ရည်ရွယ်၍ Career Fair ကျင်းပရန် စီစဉ်ဆောင်ရွက် ထားပါသည်။

မြန်မာနိုင်ငံ၏ လုပ်ငန်းနယ်ပယ် အသီးသီးရှိ IT အသုံးပြု၍ အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီးများနှင့် ကွန်ပျူတာတက္ကသိုလ်၏ နိုးကြားတက်ကြွပြီး ထူးချွန်ထက်မြက်သော လူငယ် ကျောင်းသား၊ ကျောင်းသူများကို ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပသော Career Fair သို့ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားသော အဖွဲ့အစည်းများသည် အဆိုပြုလွှာကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်းသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ အီးမေးလ် – office@mcpamyanmar.org , yrcpaoffice@gmail.com သို့ ဆက်သွယ်၍ လည်းကောင်း ပါဝင်လိုသည့် ကုမ္ပဏီအမည်၊ Logo နှင့် Registration Fees – (၁၀၀,၀၀၀) ကျပ် ကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်းတွင် ( ၁၅- ၇ -၂၀၁၄) နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည် ဖြစ်ကြောင်းသိရှိရပါသည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ MICT Park, အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

Credit - Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts