Thursday, July 17, 2014

Windows အတွက် Kinect ကို Microsoft ဖြန့်ချိမည်


Microsoft သည် ဇူလိုင်လအတွင်း ကွန်ပျူတာအတွက် ဒုတိယမျိုးဆက် Kinect ကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း Microsoft စတိုးတွင် ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ အဆင့်မြှင့်တင်ထားသော လှုပ်ရှားမှု အာရုံခံစနစ် Kinect သည် ဂိမ်းလောကတွင် အသုံးပြုမှု တွင်ကျယ်လာခြင်းမရှိသော်လည်း Microsoft အနေဖြင့် Kinect မပါဝင်သည့် Xbox One ဂိမ်းစက်များကိုလည်း ဖြန့်ချိခဲ့သည်။ ထို့အပြင် ယခုရောင်းချမည့် Kinect တွင် အသုံးဝင်သည့် ဆော့ဖ်ဝဲများစွာပါဝင်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၁၉၉ ဖြစ်ကြောင်း သိရသည်။

၎င်း Kinect များကို developer များထံ ဦးတည်ရောင်းချခြင်းဖြစ်ပြီး Microsoft က Windows desktop နှင့် Windows Store အတွက် ကိုယ်လက်အမှုအရာအခြေခံ app  များအပြင် Kinect အတွင်းရှိ interactive အသံကိုလည်း တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ထုတ်ပြန်ခဲ့သည်။
-စိုးထက်
Ref: PC-Gamer

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts