Thursday, August 21, 2014

ရှင် ဂျာနယ်မျက်နှာဖုံးပုံတွေအတွက် ဝေဖန်မှုတွေကို အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် မတုန်လှုပ်တော့ဘူးလို့ဆိုတဲ့ မေထွဋ်ခေါင်

လက်ရှိမှာ ရန်ကုန်ပရိသတ်တွေထက် နယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့  မေထွဋ်ခေါင်ဟာ ရှင်ဂျာနယ်မှာ ဖော်ပြထားတဲ့ သူမရဲ့ Sexy ပို့စ်ခပ်ကြမ်းကြမ်း ရိုက်ချက်တွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူမကို မေးဖြစ်ခဲ့တာကတော့

မေထွဋ်ခေါင်အနေနဲ့ အခုလို ခပ်ကြမ်းကြမ်းSexy ပို့စ်တွေရိုက်ဖြစ်သွားတဲ့အကြောင်းအရင်းလေး သိပါရစေ။
ညီမအမှန်တကယ် ရိုက်ဖြစ်ခဲ့တာက ရှင်ဂျာနယ်အတွက် ကာဗာရိုက်ဖို့ မစောရတီနိုင် က အင်္ကျီစပွန်ဆာ ယူလာပေးခဲ့တယ်။ အင်္ကျီတွေကလည်း ဆန်းပြားပြီး ချစ်ဖို့ကောင်းတယ်။ တစ်ခြားအင်္ကျီဒီဇိုင်းတွေနဲ့လည်း ရိုက်ပါတယ်။ ဒါပေမယ့် ဒီအင်္ကျီနဲ့ကျတော့ ပုံစံတစ်မျိုးထွင်ချင်တဲ့ အတွက်ကြောင့် အနုပညာဆန်အောင် ရိုက်ကြည့်ခဲ့တာ။ International ဆန်ဆန် ရိုက်ကြည့်တာ ဘာရယ်ကြောင့် မှမဟုတ်ဘူး။ အစ်မစောရတီနိုင်က ညီမကို ပုံစံပြောင်းပြီး ဓာတ်ပုံရိုက်ကြည့်ချင်တယ် လို့ပြောပါတယ်။ ပြီးတော့ အဲဒီ့ အဝတ်အစားတွေနဲ့ aroma မှာဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။
မေထွဋ်ခေါင်က အခုလိုမျိုးSexy ပို့စ်အကြမ်းစားတွေ ရိုက်လိုက်တော့ ပရိသတ်တွေရဲ့ဝေဖန်ခံရမှာ ကိုရော တွေးဖြစ်ခဲ့ပါသေးလား။
ညီမနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အများကြီးကြုံခဲ့ရပါတယ်။ အနုပညာမျက်စိနဲ့ ကြည့်နိုင်သူတွေ အတွက်ကတော့ အနုပညာမြောက်တာပဲ။ ဝေဖန်သူတွေအတွက်လည်း ကြိုက်သလောက် ဝေဖန်နိုင်တယ်လေ။ ကိုယ်ကမင်းသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက်ကြောင့် ဝေဖန်မှုဆိုတာ  အမြဲတမ်းကြုံနေရတာပါပဲ။ အဲဒီ့အတွက်မတုန်လှုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အနုပညာလုပ်တာ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ကိုယ်လုပ်လိုက်တဲ့ အနုပညာတစ်ခုအပေါ် စိတ်ခံစားချက်က သန့်ရှင်းတယ်။ ကိုယ်ရိုက်တဲ့ပုံတွေကလည်း အရမ်းကြီးမရိုင်းပါဘူး။ အနုပညာ ဆန်တာကိုပဲပြတာ။ ခန္ဓာကိုယ်အလှကို အနုပညာဆန်ဆန်တင်ပြတာပါ။

မေထွဋ်ခေါင်ကို နောက်ထပ်မေးချင်တာက အခုလိုရိုက်လိုက်တာဟာ နာမည်ကြီးချင်တာ ရောပါမလား။
ညီမအခုလို Sexy ပုံတွေရိုက်တာဟာ နာမည်ကြီးချင်လို့၊ အောင်မြင်ချင်တာ၊ ကျော်ကြားချင်တာ မဟုတ်ဘူး။ မေထွဋ်ခေါင်ဆိုတာ ပရိသတ်သိပြီးသား အနုပညာရှင် တစ်ယောက်ပဲလေ။ အရင်ညီမရိုက်ခဲ့တဲ့ပုံတွေက ဖိုက်တင်ပုံစံ ရိုက်တာများတယ်။ ဇာတ်ကားဆိုရင်လည်း အက်ရှင်ကားတွေပဲ ရိုက်တယ်။ ဓာတ်ပုံရိုက်ရင်လည်း ဂျင်းဘောင်းဘီ၊ တီရှပ်လောက်ပဲ ဝတ်ရိုက်တာများတယ်။ ဒီတစ်ခေါက်တော့ ညီမအဲ့လိုလေး ရိုက်ကြည့်မယ်ဆိုပြီး ဝတ်ရိုက်ဖြစ်ခဲ့တာပါ။ ယူလာတဲ့ အဝတ်အစားတွေကိုလည်း ကြိုက်တယ်။ ညီမရဲ့မြင်နေကျပုံစံကိုလည်း ပြောင်းသွားစေတယ်။ သူများတွေတောင် ရိုက်နေသေးတာပဲလေ။ ဒီလိုအဝတ်အစားတွေနဲ့ အဲ့လိုရိုက်တာကိုလည်း အနုပညာမြောက်တယ်လို့ ယူဆတယ်။ ရိုက်တဲ့နေ့ တုန်းကလည်း ကိုယ်တစ်ယောက်တည်း ရှိတာမဟုတ်ပါဘူး။ စီစဉ်ပေးတဲ့ မစောရတီနိုင်လည်းရှိတယ်။ ကျန်တဲ့သူတွေလည်း အများကြီး ရှိတဲ့အတွက် အနုပညာဆန်တဲ့အလုပ်ကို အနုပညာသမားတွေ အကုန်ဝိုင်းပြီး လုပ်တယ်လို့ ပဲ မေထွဋ်ခေါင်ယူဆပါတယ်။
mayhtutkhung2
မေထွဋ်ခေါင်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးဘာတွေလုပ်ဖြစ်နေတယ်ဆိုတာ ပြောပါဦး။
ညီမ လတ်တလောမှာ ဆိုရင်တော့ ရေနံချောင်းဘက်မှာ ကားရိုက်သွားဖို့ရှိပါမယ်။ ညီမက နယ်ကားတွေပဲ ရိုက်နေရတာများတယ်လေ။
Ref:Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts