Thursday, August 21, 2014

ဆယ်ကျော်သက်တွေအနေနဲ့ မိဘတွေကို လစ်လျူ ရှုထားလို့ ရမှာမဟုတ်တော့တဲ့ Ignore No More App အသစ်

Android ရဲ့ app အသစ် Ignore No More ကြောင့် မိခင်နဲ့ ဖခင်တို့ရဲ့ဖုန်းခေါ်ဆိုမှုတွေကို လစ်လျုရှုလို့တဲ့ရက်တွေဆိုတာ ဆယ်ကျော်သက်လူငယ်တွေမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။
ဒီ app က မိဘတွေအနေနဲ့ သူတို့ကလေးတွေရဲ့ ဖုန်းကို ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အဝေးမှ သော့ခတ်ထားလို့တောင် ရစေနိုင်ပါတယ်။

အမေ့ဖုန်းကို ကိုင်မှာလား (သို့) ဒုက္ခလှလှနဲ့ ပဲ တွေ့ချင်သလားပေါ့…။
Ignore No More ကို ဆယ်ကျော်သက်တွေရဲ့ စမတ်ဖုန်းထဲမှာ ထည့်သွင်း တပ်ဆင်ရမှာဖြစ်ပြီး ဖုန်းပြန်ခေါ်ဆိုခြင်းဟာ ဖုန်းလော့ခ်ပြန်ဖွင့်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
မိဘတွေက သူတို့ရဲ့စက်ထဲကနေ အဲဒီဖုန်းကို လော့ခ်ချလိုက်တဲ့အခါ မျက်နှာပြင်လော့ခ် စကားဝှက်(password) တစ်ခုနဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှု (Emergency Call ) လိုမျိုး လော့ခ်ပြန်ပွင့်အောင် တောင်းဆိုနိုင်တဲ့ ခလုတ်တစ်ခုကို ပေးအပ်ခံထားရပါတယ်။
 Ignore No More ကို ဖျက်ပစ်ဖို့ ကြိုးစားလိုက်ခြင်းဟာ ဖုန်းကို လော့ခ်ပိတ်သွားစေမှာဖြစ်ပြီး မိဘတွေအနေနဲ့သာ သူတို့ကို ထိန်းချုပ်ဖို့ နဲ့ ပြန်လည်ဖျက်သိမ်းနိုင်ဖို့ သီးခြားကုဒ်နံပါတ်တစ်ခုခုကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။
ဒီအကြံအဥာဏ်ကို Texas ပြည်နယ် Houston မြို့က မိခင်တစ်ဦးဖြစ်တဲ့ Sharon Standifird ကနေ တီထွင်ထားတာဖြစ်ပါတယ်။ Sharon Standifird ဟာ သူမရဲ့ဖုန်းခေါ်ဆိုမှုတွေကို အမြဲတမ်းလစ်လျုရှု ပြီး ဖုန်းပြန်လည်ခေါ်ဆိုခြင်းလည်းမရှိတဲ့ သားတစ်ယောက်ရဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။
“ဒါလေးက ကောင်းတဲ့ အကြံအဥာဏ်တစ်ခုလို့ ထင်ပါတယ်။ ဆိုလိုတာက ကျွန်မအတွက်တော့ မဟုတ်ပါဘူး။ တခြားမိခင်(သို့) ဖခင် တွေအတွက်ပါ” လို့ သူမက ABC သတင်းကို ပြောပြခဲ့ပါတယ်။
ဒီ app ကို Google Play store မှာ ရယူနိုင်မှာဖြစ်ပြီး နောက်ဆိုရင် iPhoneနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။
Source: cosmopolitan

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts