Wednesday, August 13, 2014

သင့်ဖက်ရှင်မှာ ကာလာတွေ ဖြည့်ဖို့ လိုအပ်နေပြီလား

သင့်ရဲ့အ၀တ်အစားတွေက အဖြူ၊ အနက်တွေချည်းပဲလား။ ကာလာတောက်တောက်လေးတွေနဲ့ သင့်ရဲ့ဖက်ရှင်ကို ပြောင်းလဲပစ်ချင်ပေမယ့် ဘယ်လိုပြောင်းလဲရမယ်ဆိုတာ အိုင်ဒီယာမရှိလို့ စိတ်ညစ်နေရတယ်ဆိုရင် ဒီမိုးရာသီမှာ ကာလာအဆန်းလေေးတွနဲ့ လန်းလန်းလေး ၀တ်ဆင်နိုင်အောင် ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။ကိုယ်က အခြေခံကျတဲ့ အရောင်ရိုးရိုးလေးတွေပဲ ၀တ်နေကျဆိုရင် ခါးပတ်လေးတွေ၊ ကာလာတောက်တောက် ဆွဲကြိုးတွေနဲ့ စပြောင်းလဲ ၀တ်ဆင်ကြည့်ပါ။

၂။လုံးဝအရောင်ဆန်း၊ အဖျော့နှစ်ခု ၀တ်ဆင်ရဲတယ်ဆို၇င်တော့ ခုလို အဖြူနဲ့အ၀ါနု တွဲဝတ်လိုက်တာတို့၊ အဖြူနဲ့ အစိမ်းဖျော့ တွဲဝတ်လိုက်တာမျိုးတွေ စမ်းဝတ်ကြည့်လိုက်ပေါ့။

၃။ကာလာအဖျောနဲ့အရင့်တွဲဝတ်တာမျိုးကလည်း အမြင်တစ်မျိုးလေး ဆန်းစေတာပါပဲ။ အထူးသဖြင့် ခုလို လိမ္မော်ရောင်ကာလာမျိုး၊ ပန်းရောင်ကာလာမျိုး၊ အစိမ်းစတာတွေကို အနုနဲ့အရင့် တွဲဆင်မြန်းနိုင်ပါတယ်။

၎။တွဲဝတ်နေကျ မဟုတ်တဲ့ အရောင်ဆန်းတွေကို တွဲဝတ်ခြင်းဟာလည်း အားလုံးရဲ့အမြင်ကို ဆန်းစေမှာဖြစ်သလို ကိုယ့်အတွက်လည်း အပြောင်းအလဲဖြစ်တာပေါ့။

၅။အဆင်တန်ဆာတွေကို သဘာဝဆန်တဲ့ ကာလာလေးတွေ၊ အဖျော့လေးတွေပဲ ရွေးချယ်ပါ။

Ref:womenshealthmag.com

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts