Wednesday, August 13, 2014

ခန္ဒာကိုယ်အချိုးအစားထက် ကြီးတဲ့ အင်္ကျံခပ်ပွပွတွေကို ဘယ်လိုဝတ်ဆင်ရမလဲ

ဆယ်ကျော်သက်တွေဝတ်တဲ့ အင်္ကျံပွပွတွေဆိုရင် tee လို့ ခေါ်တာ အားလုံးသိပြီးဖြစ်မှာပါ။ အဲ့ဒီလို မဟုတ်ပဲ အရင်တုန်းက blouse လို့ အလွယ်တကူခေါ်ဆိုနေကြတဲ့ ချည်သားအင်္ကျံပွပွ၊ ဒါမှမဟုတ် သက်လတ်ပိုင်းတွေ ၀တ်ဆင်တဲ့ အင်္ကျံဒီဇိုင်းခပ်မိုက်မိုက် ခပ်ပွပွ ၀တ်ဆင်ရတဲ့ အင်္ကျံအမျိုးအစားကိုတော့ TUNIC လို့ ခေါ်ပါတယ်။ ထားလိုက်ပါတော့။ အဲ့ဒီလိုအင်္ကျံအပွတွေကို ဘယ်လိုအဆင်ပြေအောင် ၀တ်ဆင်မလဲဆိုတာကိုသာ အဓိက ပြောချင်တာပါ။

ပုံမှာပြထားသလို အပေါ်ပိုင်းက ပွနေတာမို့ အောက်ကဘောင်းဘီ၊ စကတ်ကိုတော့ အပွကြီးတွေ ၀တ်လို့မရဘူးဆိုတာ အခြေခံအားဖြင့် သိထားမှာပါ။ ဟုတ်ပါတယ်။ အပေါ်ပွ၊ အောက်ပွတော့ ၀တ်လို့ ဘယ်ရမလဲနော်။ အပေါ်ကပွရင် အောက်ကကျပ်နေမှ ဖြစ်မှာပေါ့။ ဒီတော့ ကိုယ်သွားမယ့်နေရာက ပွဲဆိုရင် လည်သာဘောင်းဘီအကျပ်၊ ပေါ့ပေါ့ပါးပါးဆိုရင် အသားကပ်ဘောင်းဘီ၊ ဒါမှမဟုတ်လည်း skinny jean တွေနဲ့ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်က သူများတွေ ၀တ်သလို ဘောင်းဘီအကျပ်နဲ့တွဲမ၀တ်ချင်ဘူး ဆိုရင်တော့ tight skirt လို စကတ်အကျပ်တွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ ဒါကတော့ ခုနောက်ပိုင်းခေတ်စားလာတဲ့ အထာပေါ့။ ပေါင်တစ်ဝက်လောက်ရှိတဲ့ စကတ်ကို အင်္ကျံအပွကြီးအောက်က ၀တ်လိုက်တဲ့အခါ တစ်ခါတစ်လေ အောက်က၀တ်ထားတဲ့ စကတ်တောင် ပျောက်သွားတတ်ပါတယ်။ နည်းနည်းလေး အစထွက်ရှိလည်း ထွက်နေမှာပေါ့လေ။ မှာချင်တာကတော့ အဲ့ဒီလိုဝတ်မယ်ဆိုရင် အောက်ကအခံဘောင်းဘီ တစ်ထည်ပါဖို့ လိုကိုလိုပါတယ်။
အဆင်တန်ဆာအနေနဲ့ကတော့ sneaker တွေ၊ ဒေါက်နဲ့ boot စတာတွေနဲ့ တွဲဝတ်လို့ရပါတယ်။ အင်္ကျံနဲ့တစ်ချက် ပြန်ကိုက်ပြီး ၀တ်ဆင်ဖို့တော့ လိုပါလိမ့်မယ်။
Ref:herworldplus.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts