Tuesday, August 19, 2014

လေဒီ ဂါဂါ အကြောင်း သင် ဘယ်လောက် သိထားပါသလဲ

ဂျပန်ရောက် လေဒီ ဂါဂါရဲ့ ဓာတ်ပုံပါ။ လေဒီဂါဂါက သူ့ ဖေ့စ်ဘုတ်ကနေ ဒီပုံကို တင်ထားပြီး ဓာတ်ပုံ
အောက် မှာ ကွန်မန့်တွေ တသီကြီးလည်း တွေ့ရပါတယ်။ 


ထူးခြားတဲ့ ကွန်မန့်တခုကတော့ လေဒီဂါဂါဟာ ယောက်ျားလား၊ မိန်းမလားလို့ မေးခွန်းထုတ်မှုနဲ့ အတူ တချို့ကလည်း မိန်းမမှန်းသိရဲ့ သားနဲ့ ဘာလို့ မေးခွန်းထုတ်တာလည်းလို့ တုန့်ပြန်တာလည်း ပါတယ်

နောက်တယောက်ကလည်း လေဒီ ဂါဂါဟာ ဖို၊ မ လိင် ၂ ခုလုံးပါတဲ့ သူသာဖြစ်တယ်လို့ ဆိုပြန်တယ်။ 

သေချာတာတခုကတော့ လေဒီဂါဂါရဲ့ ထူးခြားတဲ့ ဖက်ရှင်နဲ့ ဖျော်ဖြေတင်ဆက်မှုက ကမ္ဘာတ၀ှန်း လူ သန်း
ပေါင်း များက အားပေးနေတယ်ဆိုတာပါဘဲ။ 

လေဒီ ဂါဂါ ဟာ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ တချို့ ဝေဖန်ကြသလို မိန်းမဟန်နဲ့ ဒွိလိင်ဖြစ်စေ သူ့ရဲ့ 
အောင်မြင်မှု က အံ့မခန်းပါဘဲ။ သူ့ကို အားပေးကြတဲ့ပရိသတ်အခိုင်အမာရှိသလို သူ့ကို အမြဲ ဝေဖန်ပြီး မနှစ်သက်ကြပဲ စက်ဆုတ်တဲ့ သူတွေလည်း ရှိ ကြပါတယ်။ 

လေဒီဂါဂါဟာ ၀ီကီပီဒီးယားမှာ ဖော်ပြထားချက်အရ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့မှာ ၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က မွေးဖွားခဲ့ပြီး အခုဆို အသက် ၂၈ နှစ်လို့ သိရပါတယ်။ 

သူ့ရဲ့ နာမည်အရင်းကတော့ Stefani Joanne Angelina Germanotta ဖြစ်ပါတယ်။

ဧရာဝတီ ပရိသတ်တွေလည်း လေဒီ ဂါဂါနဲ့ပတ်သက်ပြီး ဘယ်လောက်သိထားကြလဲ ဆိုတာ ဆွေးနွေး ကြည့် စေချင်ပါတယ်။ 

အိမ့်သံစဉ် ~

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts