Tuesday, August 19, 2014

Miss Myanmar International 2014 ရွေးချယ်ပွဲ

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ဖို့ အတွက် Miss International Myanmar 2014 အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့ ည 6 နာရီအချိန်မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ 


 ဓာတ်ပုံ-Miss Myanmar International~~
ထိုပြိုင်ပွဲမှာ အလှမယ်များစွားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် အလှမယ်များအတွက် အမှတ်ပေး ဖို့ ဒိုင်များကတော့ ပြည်ပမှ ဒိုင်အဖြစ်လာရောက်ပေးခဲ့ပြီး ပြည်တွင်းမှ အနုပညာရှင်တွေလဲ ဒိုင်အဖြစ် ပါဝင် ခဲ့ကြပါတယ်။ ဒီနှစ်အတွက် Miss Myanmar International 2014 သရဖူဆုကို အလှမယ် ခါးနံပတ် ၁၆ ခင်ဝေဖြိုးဟန်က ဆွတ်ခူးရရှိပြီး 1st Runner Up ခါးနံပတ်၁၈ မေဘရဏီသော်ကရရှိပြီ 2nd Runner Up ကိုတော့ ခါးနံပတ် ၁၂ သဒ္ဒါမရိုင်ယာက ရရှိသွားခဲ့ကြပါတယ်။

 Miss Talent ဆုကို သိမ့်ဟန်ဇော်၊ Miss Photogenic ဆုကို မေဘရဏီသော်က ထပ်မံရရှိသွားခဲ့ပါတယ်။ Miss International myanmar2014 သရဖူ ဆုကြေးငွေရရှိတာကတော့ ငွေကျပ် သိန်း ၁၀၀ ရရှိပြီး၊ 1st Runner Up ဆုကြေးငွေက သိန်း ၆၀၊ 2nd Runner Up ဆုကြေးမှာ သိန်း ၄၀ ရရှိသွားခဲ့ကြပါတယ်။၂၀၁၄ သရဖူဆုရှင်ကို Miss Internatinal Myanmar 2013 ဆုရှင် ဂုဏ်ရည်အေးကျော်က ဂုဏ်ပြုပန်းဆီး  
ပေးအပ်ခဲ့ပါတယ်။ 



No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts