Saturday, August 9, 2014

သင့်ရဲ့ဂျင်းဘောင်းဘီကို ၀တ်လိုက်တိုင်း အမြဲတမ်း အထာကျနေအောင် ဘယ်လိုထိန်းသိမ်းရမလဲ (အပိုင်း-၂)

ဂျင်းဆိုတာ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်ပဲပါ့။ ဂျင်းဘောင်းဘီတစ်ထည်ဆိုရင်လည်း တစ်ထည်ဆို တစ်ထည်ဆိုသလောက် နှစ်ပေါက်အောင်ကို ၀တ်လို့ရတာနော်။ ဒါပေမယ့် ဘောင်းဘီရဲ့ ချုပ်ရိုးချုပ်သား၊ ဒီဇိုင်းစတာတွေကိုတော့ ကိုယ်ကြိုက်ဖို့၊ ကိုယ်နဲ့အဆင်ပြေဖို့ လိုတာပေါ့။ ၀ယ်တုန်းက
အဆင်ပြေပြီး သေချာဝတ်ကြည့်လိုက်တာ့မှ အဆင်မပြေတာမျိုး ဒါမှမဟုတ် ကိုယ်အထိန်းအသိမ်း ညံ့လို့ ဂျင်းဘောင်းဘီဟာ လုံးဝမ၀တ်ဖြစ်တော့တာမျိုးတွေ မဖြစ်ရအောင် ကိုယ့်မှာရှိတဲ့ ဂျင်းဘောင်းဘီကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အမေးအဖြပုံစံလေးတွေနဲ့ ပြောပြပေးချင်ပါတယ်။ အပိုင်း (၁)မှာ မေးခွန်းနဲ့အမေးအဖြေ တစ်ချို့ကို ဖော်ပြပြီးထားပြီးသားမို့ အပိုင်း (၂)မှာ ဘယ်လိုအချက်ကလေးတွေ ပါဝင်လာမလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။
၆။ဂျင်းဘောင်းဘီကို အတိုဖြတ်လိုက်မယ်ဆိုရင် ဘယ်လိုအချက်တွေ သိထားသင့်ပါသလဲ။
ဖြစ်နိုင်ရင်တော့ ဘောင်းဘီကို အတိုဖြတ်မယ်ဆိုရင် လက်တန်းဖြတ်လိုက်တာမျိုး ရှောင်သင့်ပါတယ်။ ပထမဆုံးအနေနဲ့ အရာပေးရပါမယ်။ ညှပ်မယ့်အရာထက် နည်းနည်းပိုအရှည်ထားပြီး ဖြတ်ပါ။ တစ်ဖက်ဖြတ်ပြီးမှ အဲ့ဒီဘက်နဲ့ နောက်တစ်ဖက်ကို ညှိပြီး ကွက်တိတူအောင် ဖြတ်လိုက်ပါ။
၇။ဈေးကြီးတဲ့ဂျင်းနဲ့ ဈေးပေါတဲ့ဂျင်း ဘာတွေကွာခြားသလဲ၊ ဘယ်ဟာကို ၀ယ်သင့်ပါသလဲ။
ဒီအချက်ကတော့ ၀တ်တဲ့သူနဲ့သာ ဆိုင်ပါတယ်။ တစ်ချို့ကျတော့လည်း ဈေးကြီးမပေးရပေမယ့် ၀တ်လို့ အဆင်ပြေနေတာမျိုး ရှိပါတယ်။ ဈေးကြီးပေးပြီး ခြေသလုံးနား ကျပ်နေတာမျိုး၊ ဂွနားမှာ အဆင်မပြေဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်နဲ့ကွက်တိဖြစ်မဖြစ်၊ ချုပ်သားကောင်းမကောင်းကိုပါ သေချာရွေးပါ။
၈။ဘောင်းဘီတစ်ထည် ပြင်လိုက်ပြီဆိုရင် ဘယ်နေရာက ပြသနာအဖြစ်ဆုံးအပိုင်းလဲ။
ဘောင်းဘီဂွပေါ့။ အဲ့ဒီနားမှာ အဆင်မပြေဖြစ်ကြတာများတယ်။
၉။အိမ်မှာပဲ ဒူးခေါင်းနား ဘောင်းဘီဖြဲမယ်ဆိုရင် ဘာတွေလိုမလဲ။
ကတ်ကြေးတစ်လက်ကတော့ မဖြစ်မနေ လိုမှာပဲ။ ဘရိတ်ဓားက ဘောင်းဘီဖြဲတာမျိုးအတွက် အရမ်းထက်လွန်းနေတယ်။ ခဲတဲချွန်တဲ့ဓား ဒါမှမဟုတ် ကတ်ကြေးနဲ့ပဲ ဖြဲတာကောင်းတယ်။
၁၀။တစ်ခြား ကိုယ့်ဘာသာကိုယ် ဘောင်းဘီပြင်လို့ရတဲ့အပိုင်းတွေ ရှိလား။
ဘောင်းဘီကို အနားလေးတွေ အမွှားလုပ်တာ၊ ခုနပြောသလို ဘောင်းဘီဒူးဖြဲတာ၊ ဖြဲထားတဲ့ဒူးအောက်နားမှာ ပိတ်စကတ်ချုပ်တာ၊ အိတ်အနားမှာ ဒီဇိုင်းလုပ်တာ၊ အပြောင်အလက် rivet လေးတွေ ကပ်ချုပ်တာတွေ ကိုယ့်ဘာသာကိုယ် လုပ်လို့ရပါတယ်။
Ref:cosmopolitan.com
Trend

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts