Saturday, August 9, 2014

ဂျင်းဝမ်းဆက် ၀တ်တော့မယ်ဆိုရင်

အပေါ်ရော၊ အောက်ရော ဂျင်းဝမ်းဆက် ၀တ်တော့မယ်ဆိုရင် ကြောင်တောင်တောင်များ ဖြစ်နေမလားလို့ အမြဲတွေးမိကြတယ်ဟုတ်။ တကယ်တော့ ဘာမှစိတ်ပူစရာမရှိပါဘူး။ အထာကျအောင် ၀တ်တတ်ဖို့ပဲ လိုတာပါ။ ဒီတော့ ဂျင်းဝမ်းဆက် ၀တ်ချင်တဲ့ ပျိုမေတွေအတွက် အမိုက်စားပုံလေးတွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ပေါ့ပေါးပါးပါးလေးပဲ ၀တ်မယ်ဆိုရင် ဒါမျိုးလေး စဉ်းစားပါ။

ဒီပုံလေးကို ကြည့်လိုက်တာနဲ့ ဟာ မိုက်တယ်လို့တော့ တစ်ချက်တွေးမိသွားမှာပေါ့။ တကယ်လည်း အထာကျပါတယ်။ အပေါ်အောက် ဂျင်းဝတ်ထားပေမယ့် ကြည့်ရတာ ဆွဲဆောင်မှုရှိနေတာဟာ ဘောင်းဘီတိုရွေးချယ်မှု မှန်လို့ပါ။ နှစ်ရောင်စပ်ဘောင်းဘီတိုက ပေါ့ပါးစေတဲ့ အသွင်အပြင် အပြင်ကိုမှ ခုခေတ်ဖက်ရှင်စတိုင်ရေစီးကြောင်းကိုပါ ထဲထဲဝင်ဝင် မြင်သွားစေတာပါ။
၂။Jumpsuit ဒီဇိုင်းကလည်း ပွဲတိုးစေတယ်ဆိုတာ မမေ့ပါနဲ့။

ဂျင်းJumpsuit က ကလေးကလားဆန်တယ်လို့ ဘယ်သူပြောလဲ။ သူနဲ့တွဲဖက်မယ့် အဆင်တန်ဆာကသာ သင့်ဖက်ရှင်အတွက် အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။
၃။ကောင်လေးဆီက ငှားဝတ်လာတဲ့ ဂျင်းလို့ အစခံရနိုင်တဲ့ Boyfriend ဂျင်းကိုလည်း မေ့ထားလို့ မရပါဘူး။

ကဲ ဘောင်းဘီဂွကျကျလေးနဲ့ အထားကျလွန်းတဲ့ Boyfriend ကိုတော့ ရှပ်၊ တီရှပ် ကြိုက်တာနဲ့ တွဲဝတ်လိုက်ပါ။ လူတွေ မငေးရင် ကြိုက်သလိုပြော။
၎။ရှုပ်ရှုပ်ခတ်ခတ်လေးမှ ကြိုက်တယ်ဆို၇င်လည်း ရတယ်နော်။

ကိုယ်က အရှုပ်အယှက်ဒီဇိုင်းလေးတွေချည်း ၀တ်နေကျမို့ ခုဂျင်းကိုလည်း ဒီလိုပဲ ၀တ်ချင်ရင် ပုံမှာပြထားသလို ၀တ်ပစ်လိုက်ပါ။ တစ်ခုချင်းစီ ကြည့်ရင် တစ်မျိုးဖြစ်နေပေမယ့် ခုလို ၀တ်ဆင်လိုက်တဲ့အခါ သင်ဟာ အသွင်ဆန်းတဲ့ ကောင်မလေး ဖြစ်သွားပြီပေါ့။
၅။ဂျင်းစကတ်လေးတွေကလည်း ဘယ်တော့မှ ရိုးမသွားနိုင်ပါဘူး။

ပုံကို ကြည့်လိုက်ရင် အပေါ်က ရှပ်က ဂျင်းမှ ဟုတ်ရဲ့လားလို့တောင် ထင်မြင်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဒီဇိုင်းထုတ်ထားတဲ့ ဂျင်းပါ။ ဂျင်းသားကို ကာလာ၊ အစပ် တွေနဲ့ရောပြီး ထွင်ထားတာပါ။ ဒါကို စကတ်နဲ့တွဲဝတ်လိုက်ရင် အမိုက်စားဖြစ်သွားပြီလေ။
၆။ကာလာမတူညီတဲ့ ဂျင်းတွေကလည်း တစ်မူထူးခြားတာပါပဲ။

ဝတ်ထားတဲ့ ဂျင်းဂျတ်ကတ်နဲ့ ဘောင်းဘီက အရောင်လုံးဝကွဲနေမယ်ဆိုလည်း မိုက်နေတာပါပဲ။ မယုံမရှိပါနဲ့ ပုံမှာပြထားသလို ဘောင်းဘီအဖြူနဲ့ဆိုလည်း ဂေါ်နေဦးမှာ အသေအချာပဲ။
Ref:cosmopolitan.com
Trend
http://www.trend.com.mm/2014/07/28/girls-fashion-3798

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts