Wednesday, September 17, 2014

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်

ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။

သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။

လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင် ထည့်သွင်း ရေးသား ထားသည်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့သည်။ ။

Written by  မိုးဦး
မြ၀တီ
http://www.myawady.net.mm/health/item/34150-2014-01-07-15-58-53


No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts