Saturday, September 27, 2014

Golden Heart Animal Rescue

Golden Heart Animal Rescue ဆိုတဲ့အဖွဲ့ လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့ ရဲ့  ရည်ရွယ်ချက်လေး
ကလည်းအလွန်ကောင်းပါတယ်။   ဒုက္ခရောက်နေတဲ့တိရိစ္ဆာန်လေးတွေ -   


ကင်ဆာရောဂါခံစားနေရသောခွေးလေးများ၊ကားတိုက်ခံရ သောတိရိစ္ဆာန်လေးများ၊

ထိခိုက်ဒဏ်ရာရနေသော တိရိစ္ဆာန်လေးများ၊ အသက်အန္တရာယ်စိုးရိမ်ရသော တိရိစ္ဆာန်လေးများကို 

ဦးစားပေး ကယ်တင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။မွန်မြတ်တဲ့ ပရဟိတလုပ်ငန်းလေးလဲဖြစ်ပါတယ်။




ရွှေရောင်နှလုံးသား လေလွင့်တိရိစ္ဆာန်များကယ်ဆယ်ရေး (Golden Heart Stray Animals Rescue) အဖွဲ့လေးအား အောက်ပါအတိုင်း ညီအစ်ကို မောင်နှမ များဖြင့် ဖွဲ့စည်းထားပါတယ်....
 Dr. Aung Thit Oo (Forever Veterinary Clinic) 
 Ma Phoenix Rose
 Mg Aung Nyein Myat (ဘိလပ်ကလာတဲ့ ငံပြာရည်) 
 Mg Lwin Linn Maung တို့ပဲ ဖြစ်ပါတယ်။ 
ယခု လတ်တလောမှာတော့ အဖွဲ့ရဲ့ သွားလေရာမှာ ကယ်ဆယ်ရေး လုပ်ကိုင်ပေးနိုင်မယ့် အမာခံ အဖွဲ့ဝင်နည်းပါလွန်းတာကြောင့် တိရိစ္ဆာန်လေးများကို ကယ်ဆယ်ရန် စိတ်ပါဝင်စားတဲ့ မည်သူမဆို ဖိတ်ခေါ်အပ်ပါတယ်။ အဖွဲ့ထဲတွင် အောက်ပါ အချက်အလက်များကိုလည်း သတိပြုပေးရန် မေတ္တာရပ်ခံပါတယ်။ 
အဖွဲ့ ရဲ့  Official Page ကို တော့ ဒီနေရာမှာ ၀င်ရောက်နိုင်ပါတယ်။ စည်းကမ်းချက်တွေအနေနဲ့ ကတော့

-အခြား ကယ်ဆယ်ရေးအဖွဲ့မှာ အကူအညီတောင်းထားတဲ့ ပိုစ့်များကို ဒီဂရုထဲတွင် မတင်ရပါ။ထို့အတူ ယခုဂရုပေါ်သို့ အကူအညီတောင်းခံရန်တင်ထားသော ပိုစ့်ကိုလည်း အခြားဂရု ထဲတွင် မတင်ရပါ။ -ထို့ အပြင် Group ထဲတွင် တိရိစ္ဆာန်အရောင်းအ၀ယ် နှင့်သက်ဆိုင်သော ပိုစ့်များ 

--တိရိစ္ဆာန်ကယ်ဆယ်ရေးနှင့် မသက်ဆိုင်သောပိုစ့်များ၊ - ကြော်ငြာပိုစ့်များ၊ -ပုဂ္ဂိုလ်ရေး အရ တစ်ယောက်နှင့်တစ်ယောက် ထိခိုက်နစ်နာစေသော ပိုစ့်များ၊ -ပိုစ့်တင်သူ၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေမည့် နစ်နာစေသော Comment များ -ဘာသာရေး၊နိုင်ငံရေးနှင့် သက်ဆိုင်သော ပိုစ့်များ၊ အစရှိသည်တို့ကို လည်း မတင်မိစေရန် အထူးဂရုပြုဆင်ခြင်စေပါသည်ခင်ဗျာ။ 

-တိရိစ္ဆာန်လေးများရဲ့ ဝေဒနာအနည်းအများ ခံစားရမှုအပေါ်မူတည်ကာ အဖွဲ့ဝင်များမှတိုင်ပင်ပြီး လိုအပ်လျှင်လိုအပ် သလို ထိရောက်သောကုသမှုများကို လည်း ပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါခံစားနေရသောခွေးလေးများ၊ကားတိုက်ခံရ သောတိရိစ္ဆာန်လေးများ၊ ထိခိုက်ဒဏ်ရာရနေသော တိရိစ္ဆာန်လေးများ၊ အသက်အန္တရာယ်စိုးရိမ်ရသော တိရိစ္ဆာန်လေးများကို ဦးစားပေး ကယ်တင်ပေးသွားမှာ ဖြစ်ပါတယ်။
 လေလွင့် အပယ်ခံလေးများအတွက် အာယုဒါန ဆေးဝါးများ လှူ ဒါန်းလိုလျှင် အောက်ပါ ATM account များသို့ ဆက်သွယ် လှူ ဒါန်းနိုင်ပါတယ်ရှင်။ 
ကိုအာင်ငြိမ်းမြတ် - 00 21 600 1000 18 775 ( CB bank account) 
မနှင်းဆီမြင့် - 999 307 999 067 33 701 ( KBZ bank ATM account ) 

သတင်းပေး အကူအညီတောင်းခံသူများအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးရမှာကတော့

(1) တိရိစ္ဆာန်လေးများ၏ တိကျသေချာသော တည်နေရာအား မှန်ကန်စွာ ပြနိုင်ရန်  
(2)လူယဉ် မယဉ် အကယ်၍ လူမယဉ်ပါကလက်လွတ်ဖမ်းခြင်း သော်လည်းကောင်းမေ့ဆေးမှုတ်ခြင်းသော် လည်းကောင်း၊လူမယဉ်ပါကလက်လွတ်ဖမ်းခြင်း သော်လည်းကောင်း မေ့ဆေးမှုတ်ခြင်းသော်လည်းကောင်း လိုအပ်သလို အမြန်ဆုံး စီစဉ်ဆောင်ရွက်နိုင်ရန်နှင့် မလိုလားအပ်ပဲ ကားအကြာကြီးစောင့်ဆိုင်းရခြင်းနှင့် မေ့ဆေးဖိုးငွေ အား ခြွေတာရာ ရောက်စေရန်။ 
(3) ဆေးကုသမှုအား ဒေသခံများမှ တိရိစ္ဆာန် ချစ်တတ်သူများက ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ဆေးများ ဂရုတစိုက် အစာထဲ ထည့်ကျွေးပေးမည့်သူ ရှိမရှိ။ 
(4) ကယ်တင်ပြီး ထားရှိရန် shelter အခက်အခဲရှိသဖြင့် လက်ခံနိုင်မည့် နေရာများ ရှိပါက သေသေချာချာ join ထားပြီးပါက အဖွဲ့မှ ကူညီရွှေ့ပြောင်း ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ အဖွဲ့နှင့်ပတ်သက်ပြီး အသေးစိတ်ပိုမိုသိရှိလိုပါက
  Ma Phoenix Rose Ph.09250359044 
  Mg Aung Nyein Myat Ph.095073623 
  Mg Lwin Linn Maung Ph.09421006834 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts