Sunday, September 28, 2014

Memory Clean for Mac

Memory သုံးစွဲမှုမြင့်မားသည့် Mac OS အသုံးပြုသည့် ကွန်ပျူ တာများတွင် Memory သုံးစွဲမှုကို ပြန်လည် လျော့ကျစေရန်အတွက် ရှင်းလင်းပေးသည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ Memory Clean ဆော့ဖ်ဝဲသည်၊ ကွန်ပျူ တာစနစ်နောက်ကွယ်တွင် Run နေသည့် Application များကို
ရှင်းလင်းပေးမည်ဖြစ်ပြီး ကွန်ပျူ တာအား အလုပ်လုပ်ဆောင်ရာတွင် လျင်လျင်မြန်မြန်နှင့် လုပ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်မည့် ဆော့ဖ်ဝဲ တစ်ခုလည်း ဖြစ်သည်။
အဆိုပါ ဆော့ဖ်ဝဲကို Version 4.6 ဖြင့် ထုတ်လုပ်ဖြန့်ချိထားပေးပြီး 64bit Processor များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ Mac OS X 10.7.4 နှင့်အထက်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ပျူ တာ စနစ် နောက်ကွယ်တွင် Run နေသည့် Application များကို ဖယ်ရှားရှင်းလင်းရာတွင် အသုံးဝင်ပြီး Memory အသုံးပြုနှုန်းကို ပိုမိုလျော့ချပေးနိုင်မည့် ဆော့ဖ်ဝဲဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts