Sunday, September 28, 2014

Wise Folder Hider

မိမိအသုံးပြုနေသည့် ဖိုင်၊ ဖိုဒါများ လုံခြုံစိတ်ချရန်နှင့် အခြားသူများ ဝင်ရောက်သုံးစွဲခြင်း မပြုနိုင်ရန် စီစဉ် ဖန်တီပေးနိုင်မည့် PC သုံး ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ဖိုင်နှင့်ဖိုဒါများကို Password ထည့်သွင်းထားစရာမလိုဘဲ ဝှက်ထားပေးနိုင်မည်ဖြစ်ပြီး၊ ဝှက်ချင်သည့်ဖိုဒါများကိုလည်း Drag and drop ပြုလုပ်၍ ထည့်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို အခမဲ့
အသုံးပြုခွင့်ပေးထားပေးထားသည့်အတွက် အချို့ သော
လုပ်ဆောင်ချက်တွေကိုတော့ အသုံးပြုခွင့်ရှိနိုင်မည် မဟုတ်ပေ။
24/7 Ultimate Help , Double Password Protection အစရှိသည့် လုပ်ဆောင်ချက်များကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၉.၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို Windows XP, Vista, Windows 7 နှင့် 8 တို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့်ပေးထားသည့် ဆော့ဖ်ဝဲတွင်လည်း လုပ်ဆောင်နိုင်သည့် အချက်များစွာ ပါဝင်တာကို တွေ့ မြင်ရမည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts