Google
ရဲ့ မကြာသေးမီကမှ ထုတ်လုပ်ထားတဲ့ Android 5.0 Lollipop စနစ် ဟာ
များပြားတဲ့ Feature အသစ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် Android 5.0 Lollipop
စနစ်ရဲ့ လူတွေ သိထားဖို့လိုအပ်တဲ့ Feature အသစ်တွေကို ဖော်ပြလိုက်ပါတယ်။
Ref:cnet.com
၁။ Lock Screen ပုံစံ အသစ် ပြောင်းလဲသွားပါတယ်
Lock
Screen ၊ ဖုန်း နဲ့ ကင်မရာ တို့ကို မျက်နှာပြင်အောက်ခြေနားမှာ ရွေးချယ်
လုပ်ဆောင်နိုင်ပြီး Notification တွေဟာ Lock လုပ်ထားတဲ့ မျက်နှာပြင်ပေါ်မှာ
ပြသနေမှာ ဖြစ်ပါတယ်။
၂။ မလိုချင်တဲ့ Notification တွေကို Hide လုပ်လို့ရပါတယ်
Notification
ပြသမှုနဲ့ ပတ်သက်ပြီး အားလုံးကို မပြသပဲ Hide လုပ်ထားလို့ ရနိုင်ရုံတင်မကပဲ
Sensitive Content တွေရဲ့ Notification တွေကိုပါ ရွေးချယ်ပြီး Hide
လုပ်နိုင်ပါတယ်။
၃။ Battery Saver ပါဝင်လာပါတယ်
ဖုန်းရဲ့
ဘက်ထရီ သက်တမ်း ကို မိနစ် ၉၀ အထိ ကြာချိန်တိုးမြှင့်ပေးမယ့် Android 5.0
Lollipop ရဲ့ Feature အသစ်ဖြစ်ပါတယ်။ Battery Saver ကို အသုံးပြုဖို့ အတွက်
“Settings” ထဲကတဆင့် “Battery” ကို နှိပ်ပါ။ “Battery” ထဲက “Menu”
ကိုနှိပ်လိုက်ရင် Battery Saver ကို ရွေးချယ် အသုံးပြုနိုင်မှာ ပါ။
၎။ အလုပ်ရှုပ်နေချိန် အနှောင့်အယှက်များကို တားမြစ်နိုင်ပါတယ်
ဖုန်းမြည်သံ
၊ မက်ဆေ့ဂ်ျ အသိပေးသံ နဲ့ အခြား အချက်ပြ မြည်သံတွေကို
အသံအတိုးအကျယ်ပြုလုပ်ရတဲ့ Slide Bar အောက်မှာ Priority လို့ခေါ်တဲ့
ရွေးချယ်ပြီး အသံတိုးနိုင်တဲ့ Feature တစ်ခုပါဝင်လာပါတယ်။ None ,Priority
နဲ့ All ဆိုပြီး ရွေးချယ် စရာ ၃ မျိုးပါဝင်ပါတယ်။ အချိန်ကိုပါ
သတ်မှတ်နိုင်ပါတယ်။ “Settings” ထဲကတဆင့် “Song & Notification”
ထဲကိုဝင်ရောက်ပြီး “Interruption” ထဲမှာ “Priority” အဖြစ် သတ်မှတ်ချင်တဲ့
Contact တွေကို ရွေးချယ်နိုင်ပါတယ်။
၅။ Trusted Device လို့ခေါ်တဲ့ ချိတ်ဆက်မှု လုံခြုံရေး အသစ်ပါဝင်လာပါတယ်
Bluetooth
ဖြစ်ဖြစ် ၊ NFC ဖြစ်ဖြစ် ချိတ်ဆက်မှုရဲ့ လုံခြုံရေးအတွက် ပိုမို
မြန်ဆန်ပြီးထိရောက်တဲ့ Feature အသစ်တစ်ခု ဖြစ်ပါတယ်။ ဒီ Feature ကို
အသုံးပြုဖို့အတွက် “Settings” ထဲက “Security” ကိုရွေးချယ်ပြီး “SmartLock”
ကိုဝင်ရောက်ကာ Trusted Device ကိုရွေးချယ်နိုင်ပါတယ်။
၆။ Settings ထဲမှာ Search ပြုလုပ်နိုင်ပါတယ်
Feature အသစ်တွေနဲ့ ကျယ်ပြန့်လာတဲ့ Settings ထဲမှာ ရွေးချယ်ချင်တဲ့ Features ကို ရှာမတွေ့ပါက Search ပြုလုပ်ပြီး ရှာဖွေနိုင်ပါတယ်။
၇။ ဧည့်သည် သုံးစွဲသူ သတ်မှတ်နိုင်ပါတယ်
ဖုန်းတစ်လုံးထဲကို
သူငယ်ချင်း တွေနဲ့ (သို့) မိသားစုတွေနဲ့ မျှဝေသုံးစွဲတဲ့အခါမှာ ကိုယ်ရဲ့
သီးသန့် apps တွေနဲ့ ဒေတာ တွေကို သိမ်းဆည်းထားလို့ရမယ့် Guest Mode
ပါဝင်လာပါတယ်။ ယာယီသုံးစွဲသူကို Guest (ဧည့်သည်) တစ်ယောက်အဖြစ် သတ်မှတ်ပြီး
သီးသန့် Profile တစ်ခုပြုလုပ်ဖို့အတွက် Notification Panel
ကိုဆွဲချလိုက်ပြီး မျက်နှာပြင်ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ “Person”
လို့အမည်ရတဲ့ icon ကို နှိပ်ပြိး ပြုလုပ်နိုင်ပါတယ်။
၈။ ပိုမို ပြည့်စုံတဲ့ Qucik Settings ပါဝင်လာပါတယ်
Notification
Panel ကိုဆွဲချပြီး Quick Settings Menu ကိုရွေးချယ်လိုက်တာနဲ့ ဖုန်းရဲ့
Brightnee အနေအထားကို Slide Bar တစ်ခုနဲ့ ချိန်ဆနိုင်ပြီး အရင် Android
စနစ်တွေထက်ပိုမိုပြည့်စုံတဲ့ ရွေးချယ်ခွင့်တွေကို ရရှိနိုင်ပါတယ်။
၉။ Restart ပြုလုပ်ပြီးမှ ပြန်ကြည့်နိုင်တဲ့ Overview Menu ပါဝင်လာပါတယ်
အရင်လို
ဖုန်းကို ပါဝါ ပိတ်ခြင်းနဲ့ restart ပြုလုပ်လိုက်တဲ့အခါ
နောက်ဆုံးသုံးစွဲထားတဲ့ apps တွေ ပျောက်သွားမှာ မဟုတ်တော့ပါဘူး။
သုံးစွဲထားတဲ့ apps တွေကို Overview Menu ကနေတဆင့် ပြန်ကြည့်နိုင်ပါတယ်။
၁၀။ ပိုမိုထိရောက်တဲ့ NFC စနစ် ပါဝင်လာပါတယ်
Android
4.0 Ice Cream Sandwich မှာ ကတည်းက အသုံးဝင်ခဲ့တဲ့ စနစ်ဟာ Android 5.0
Lollipop မှာ ပိုမိုထိရောက်လာပါတယ်။ အရင် က Web တွေရဲ့ link တွေ ၊ Contact
နဲ့ဆိုင်တဲ့ အချက်အလက်တွေနဲ့ YouTube က ဗီဒီယိုတွေလောက်ပဲ တစ်ယောက်နဲ့
တစ်ယောက် ဝေမျှလို့ရခဲ့ပေမယ့် အခု အားလုံးကို ဝေမျှနိုင်ပါပြီ။ ဖုန်း ၂
လုံးကို ကျောချင်းကပ်ထားပြီး Android Beam စနစ်ကို ရွေးချယ်ပြီး NFC
စနစ်ကို အသုံးပြုနိုင်ပါတယ်။Ref:cnet.com
No comments:
Post a Comment