Saturday, December 6, 2014

လူတွေဟာဖုန်းတွေနဲ့ တတ်ဘလက်တွေကို ခင်တွယ်လာတဲ့အတွက် သူတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ထိခိုက်မှုတွေရှိလာ

လူတွေဟာ သူတို့ရဲ့ ဖုန်းတွေနဲ့ တတ်ဘလက်တွေကို ခင်တွယ်လာတဲ့အတွက် သူတို့ရဲ့ အချစ်ရေးမှာ ထိခိုက်မှုတွေရှိလာကြောင်းကို သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ ကတွေ့ရှိခဲ့ပါတယ်။ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေက စမတ်ဖုန်းတွေဟာ သူတို့ရဲ့ ကဗျာဆန်တဲ့အချစ်ရေးကို
ကြားဝင်နှောင့်ယှက်လိုက်တယ်လို့ ပြောဆိုလိုက်တာကို သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
လက်ထပ်ပြီးသား အမျိုးသမီး ၁၄၃ ယောက်ကို သူတို့ရဲ့ ဖုန်းတွေ ၊ တတ်ဘလတ်တွေ ၊ တီဗွီတွေ နဲ့ ကွန်ပျူတာ တွေ အကြောင်းကို လေ့လာမှုတစ်ခု အရ မေးမြန်းစစ်တမ်းကောက်ယူခဲ့ပါတယ်။ ထို အမျိုးသမီးတွေထဲက ၆၂ ရာခိုင်နှုန်း ရဲ့ အဆိုအရ အများဆုံးဖြစ်တတ်တဲ့ အနှောင့်အယှက်ကတော့ လင်မယား သီးသန့် အချိန်တွေမှာ လက်တွဲဖော်က ဖုန်းကို ကောက်ကိုင်လိုက်တာမျိုးဖြစ်ပြီး တစ်နေ့ကို အနည်းဆုံးတစ်ခါတော့ ကြုံရတယ်လို့ဆို ပါတယ်။
အချစ်ရေးကျမ်းကျင်သူတစ်ဦးဖြစ်တဲ့ Alison Bruzek က NPR ၀က်ဘ်ဆိုက်ဒ် မှာ ရေးသားခဲ့တာ တော့ ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လင်မယား စကားပြောဆိုမှု ပြုလုပ်နေချိန်မှာပဲ သူမတို့ရဲ့ ခင်ပွန်းတွေဟာ တီဗွီမှာ စိတ်ရောက်နေတယ်လို့ဆိုပါတယ်။
၃ ပုံ ၁ ပုံ ကတော့ ညစာအတူတူ စားနေချိန်မျိုးမှာ ခင်ပွန်းက ဖုန်းထုတ်ပြီး သုံးဖို့ ကြိုးစားနေတာမျိုး ကြုံရတယ်လို့ဆိုပါတယ်။ ကျန် အမျိုးသမီးထုကတော့ လင်မယား မျက်နှာချင်းဆိုင်စကားပြောနေချိန်မှာ ခင်ပွန်းက တစ်ယောက်ယောက်စီ မက်ဆေ့ဂ်ျ (သို့) အီးမေးလ် ပို့နေတာမျိုး တွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
Ref:dailymail.co.uk

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts