Tuesday, April 28, 2015

Firefox Browser တွင် Website များအား အချိန်ဖြင့် Block ပြုလုပ်ထားခြင်း


စာသင်ခန်း၊ အင်တာနက် ဂိမ်းဆိုင်တွေနဲ့ အိမ်တွေမှာ မိမိအသုံး မပြုစေလိုတဲ့ ဝက်ဘ်ဆိုက်များရှိပါက အခြားသူများ အဆိုပါ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်သုံးစွဲခြင်း မပြုနိုင်စေရန်အတွက် Firefox Browser ပေါ်မှနေ၍ အချိန်ဖြင့် ကန့်သတ်၍ ပိတ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွေကို အချိန်သတ်မှတ်ပြီး Block ပြုလုပ်ထားဖို့အတွက် အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Firefox Browser ပေါ်ကနေ အသုံးမပြုစေလိုတဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ချင်တယ်ဆိုရင် ပထမဆုံး Firefox Browser ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် ဝက်ဘ်ဆိုက်လိပ်စာမှာ http://goo.gl/Zoz3lu ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Firefox Browser တွေမှာ အသုံးပြုနိုင်မယ့် Firefox Add-on  ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။
အဆိုပါ နေရာမှာ Pomodor-ofox ဆိုတဲ့ Add-on စာမျက်နှာ နေရာဖြစ်ပြီး၊ Pomodorofox Add-on ဟာ Website တွေကို Block ပြုလုပ်ဖို့အတွက် အထောက်အကူ ပေးထားတဲ့ Add-on ပဲ ဖြစ်ပါတယ်။ Pomodorofox Add-on ကို Firefox Browser အတွင်း ထည့်သွင်းဖို့အတွက် Add to Fire-fox ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Firefox Browser ထဲကို အဆိုပါ Add-on Download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။
Pomodoro ကိုအသုံးပြုပုံကတော့ Firefox Browser ရဲ့ ညာဘက် အထက်နားမှာ Pomodoro Logo လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Logo လေးကိုနှိပ်လိုက်ပါ။ ပြီးရင် Option ဆိုတာ ကို ရွေးချယ်ပေးရမှာ ဖြစ်ပါ တယ်။ Option ထဲကို ရောက်ပြီဆိုရင် Block Domain List ဆိုတဲ့ နေရာမှာကိုယ် Block ချင်တဲ့ ဝက်ဘ်ဆိုက် လိပ်စာကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ထည့်သွင်းပုံကတော့ *.domain.com  ဖြစ်ပြီး၊ တစ်ခုထက်ပိုတဲ့ ဝက်ဘ်ဆိုက်တွေကို ထည့်သွင်းမယ်ဆိုရင် အနောက်က Comma(,) လေးကို ထည့်သွင်းပြီးနောက် ဝက်ဘ်ဆိုက် လိပ်စာတစ်ခုကို ထပ်မံထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Pomodoro ရဲ့ Default အချိန်သတ်မှတ်ချက်ကတော့ ၂၅ မိနစ် ဖြစ်ပြီး၊ အချိန်ကိုတော့ မိမိလိုအပ်သလို သတ်မှတ်ပေး နိုင်ပါတယ်။ ဝက်ဘ်ဆိုက် လိပ်စာထည့်တဲ့ အခါမှာတော့ Pomodoro ရဲ့ Format ပုံစံအတိုင်းသာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Pomodoro ရဲ့ Format ကတော့အထက်မှာ ဖော်ပြသလို *.domain.com ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် *.facebook.com ဆိုတဲ့ ပုံစံမျိုးကို အသုံးပြုရမှာ ဖြစ်ပါတယ်။



Credit - Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts